
0
285




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါလက်စတိုင်းနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အစ္စရေးပြော
လက်နက်ဖျက်သိမ်းမှု၊ အကြမ်းဖက်တိုက်ခိုက်တာ စွန့်လွှတ်မှု မလုပ်ဘူးဆိုရင် အစ္စရေး အစိုးရဟာ ပါလက်စတိုင်းအစိုးရနဲ့ ဆွေးနွေးမှုမလုပ်ဘူးလို့ ပြောလိုက်ပါတယ်။

အစ္စရေးအစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ပြီးနောက် ဝန်ကြီးချုပ် နေတန်ယာဟုက ပြောခဲ့တာပါ၊ ပါလက်စတိုင်းအစိုးရဟာ ဟားမတ်စ်အဖွဲ့ကို မှီခိုနေရတယ်လို့လည်း အစ္စရေးက ပြောပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်လို့လည်း အစ္စရေးအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကို အီရန်နိုင်ငံက စစ်ရေးအရ အကူညီတွေ ပေးနေတယ်လို့ အစ္စရေးက ပြောထားပါတယ်။ အစ္စရေးစစ်သားနှစ်ဦး ပျောက်ဆုံးနေပြီး အဲဒီ စစ်သားနှစ်ဦးကို ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးနိုင်ငံဆီ ပြန်ပိုဖို့ အစ္စရေးက တောင်းဆိုထားပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)