အင္တာနက္ က်ယ္ျပန္႔မႈနဲ႔ အတူ ကေလးသူငယ္ လိင္ေစာ္ကားမႈ အေရွ႕ေတာင္ အာရွမွာ ျမင့္တက္

0
366

အေရွ႕ေတာင္အာရွမွာ အင္တာနက္ အသံုးျပဳမႈ က်ယ္ျပန္႔လာတာနဲ႔ အတူ ကေလးသူငယ္ေတြကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈ၊ ေစာ္ကားမႈေတြအျပင္ ငယ္ရြယ္သူေတြ ကိုယ္တိုင္က လိင္ပိုင္းဆိုင္ရာ ဗီဒီယိုေတြ အြန္လိုင္းေပၚ တင္တာေတြ ျမင့္တက္လာေနပါတယ္။

မၾကာေသးခင္က ေလ့လာမႈေတြအရ ေဒသတြင္း အင္တာနက္ ရရွိမႈဟာ ၅၀ ရာခိုင္ႏႈန္းအထိ ရွိလာၿပီး အြန္လိုင္း လိင္ပိုင္းဆိုင္ရာ လႊင့္တင္မႈေတြမွာ ဖိလစ္ပိုင္က ၅၈ ရာခိုင္ႏႈန္း၊ ထိုင္းက ၆၇ ရာခိုင္ႏႈန္းအထိ ရွိေနပါတယ္။

အြန္လိုင္း ကေလးသူငယ္ လိင္ပိုင္းဆိုင္ရာ လႊင့္တင္မႈ ကြန္ရက္ေတြကို ပစ္မွတ္ထား စံုစမ္းေနတဲ့ ၾသစေၾတးလ် ရဲတပ္ဖြဲ႔ အဖြဲ႔ဝင္ ဂြ်န္ ေရာက္စ္က ဒီျပႆနာဟာ ဆက္ၿပီး ျမင့္တက္ေနတာ ေတြ႔ရလိမ့္မယ္၊ အႀကီးဆံုး ျပႆနာက ကေလးေတြကိုယ္တိုင္ အြန္လိုင္းေပၚ တင္ေနတာပဲလို႔ ေျပာပါတယ္။ ကေလးေတြကိုယ္တိုင္ အြန္လိုင္းတင္တယ္ ဆိုတာက အခေၾကးေငြယူၿပီး ျဖစ္ေစ၊ အသိကို ျဖစ္ေစ လိင္မႈကိစၥနဲ႔ ပတ္သက္ၿပီး အင္တာနက္မွာ Live လႊင့္တာကို ဆိုလိုတာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ၇ ရက္ၾကာ ေလ့လာမႈ တစ္ခုတည္းမွာတင္ ကေလးသူငယ္ေတြကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈ လုပ္ေနတဲ့ အင္တာနက္ လိပ္စာေပါင္း ၃၆၀၀ ေတြ႔ရွိရပါတယ္။ ကြန္ျပဴတာ ဝက္ဘ္ကင္မရာကေန တဆင့္ ကေလးသူငယ္ေတြ လိင္ပိုင္းဆိုင္ရာ ေဖ်ာ္ေျဖမႈေပးတာဟာ ဖိလစ္ပိုင္မွာ အဓိက ျဖစ္ေနတာကေန အခု ထိုင္းဘက္ကို ဦးလွည့္လာၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်တာနက် ကျယ်ပြန့်မှုနဲ့ အတူ ကလေးသူငယ် လိင်စော်ကားမှု အရှေ့တောင် အာရှမှာ မြင့်တက်

အရှေ့တောင်အာရှမှာ အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာတာနဲ့ အတူ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားမှုတွေအပြင် ငယ်ရွယ်သူတွေ ကိုယ်တိုင်က လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေ အွန်လိုင်းပေါ် တင်တာတွေ မြင့်တက်လာနေပါတယ်။

မကြာသေးခင်က လေ့လာမှုတွေအရ ဒေသတွင်း အင်တာနက် ရရှိမှုဟာ ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီး အွန်လိုင်း လိင်ပိုင်းဆိုင်ရာ လွှင့်တင်မှုတွေမှာ ဖိလစ်ပိုင်က ၅၈ ရာခိုင်နှုန်း၊ ထိုင်းက ၆၇ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

အွန်လိုင်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ လွှင့်တင်မှု ကွန်ရက်တွေကို ပစ်မှတ်ထား စုံစမ်းနေတဲ့ သြစတြေးလျ ရဲတပ်ဖွဲ့ အဖွဲ့ဝင် ဂျွန် ရောက်စ်က ဒီပြဿနာဟာ ဆက်ပြီး မြင့်တက်နေတာ တွေ့ရလိမ့်မယ်၊ အကြီးဆုံး ပြဿနာက ကလေးတွေကိုယ်တိုင် အွန်လိုင်းပေါ် တင်နေတာပဲလို့ ပြောပါတယ်။ ကလေးတွေကိုယ်တိုင် အွန်လိုင်းတင်တယ် ဆိုတာက အခကြေးငွေယူပြီး ဖြစ်စေ၊ အသိကို ဖြစ်စေ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အင်တာနက်မှာ Live လွှင့်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၇ ရက်ကြာ လေ့လာမှု တစ်ခုတည်းမှာတင် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု လုပ်နေတဲ့ အင်တာနက် လိပ်စာပေါင်း ၃၆၀ဝ တွေ့ရှိရပါတယ်။ ကွန်ပြူတာ ဝက်ဘ်ကင်မရာကနေ တဆင့် ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုပေးတာဟာ ဖိလစ်ပိုင်မှာ အဓိက ဖြစ်နေတာကနေ အခု ထိုင်းဘက်ကို ဦးလှည့်လာပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)