လီဗာပူးက ခ်န္ပီယံလိဂ္ အေဝးကြင္းမွာ ပထမပိုင္းအတြင္း ၄ ဂိုးသြင္းႏုိင္တဲ့ ပထမဆံုး အဂၤလန္အသင္း ျဖစ္လာ

0
401

လီဗာပူအသင္းဟာ  ေအာက္တိုဘာ ၁၇ ရက္ေန႔ ညပိုင္းက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အေဝးကြင္း ပြဲစဥ္မွာ မာရီေဘာ့အသင္းကို  ဂိုးျပတ္အႏုိင္ရမႈနဲ႔အတူ  ခ်န္ပီယံလိဂ္အေဝးကြင္း ပြဲစဥ္မွာ ၿပိဳင္ဘက္ကို ပထမပိုင္းအတြင္း ၄ ဂိုးသြင္း ယူႏုိင္တဲ့ ပထမဆံုး အဂၤလန္ကလပ္ ျဖစ္လာခဲ့ပါတယ္။

လီဗာပူအသင္းဟာ မာရီေဘာအသင္းကို  ပထမပိုင္းမွာပဲ  ေကာ္တင္ဟို၊  ဖာမီႏုိစ့္၊  ဆာလက္တုိ႔ သြင္းဂိုးေတြနဲ႔ ၄ ဂိုးျပတ္နဲ႔ ဦးေဆာင္ခဲ့ၿပီး ပြဲၿပီးခ်ိန္မွာ ၇ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။ အခုလုိမ်ိဳး ဂိုးျပတ္ အႏုိင္ရမႈေၾကာင့္ နည္းျပ ကေလာ့ဟာ ဖိအားေအာက္ေန ႐ုန္းထြက္ႏုိင္ခဲ့ပါတယ္။ လီဗာပူအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၈ ပြဲမွာ ႏုိင္ပြဲတစ္ပြဲသာ ရွိခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ရင္ဆုိင္ခဲ့ပါတယ္။

နည္းျပကေလာ့က  ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မာရီေဘာ့ကို  ဂိုးျပတ္သြင္းၿပီး စံခ်ိန္သစ္တင္ႏုိင္ဖုိ႔ ဆုိတာဟာ လီဗာပူအသင္းအတြက္ ခက္ခဲမႈေတြ ရွိခဲ့တယ္လို႔ ေျပာပါတယ္။  အရင္က ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ အေဝးကြင္း ပြဲစဥ္ေတြမွာ ၿပိဳင္ဘက္ကို အမ်ားဆံုး ၅ ဂိုးသာ သြင္းယူႏုိင္ခဲ့ေပမယ့္ လက္ရွိ လီဗာပူအသင္းကေတာ့  ၿပိဳင္ဘက္ကို ၇ ဂိုးအထိ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လီဗာပူးက ချန်ပီယံလိဂ် အဝေးကွင်းမှာ ပထမပိုင်းအတွင်း ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အင်္ဂလန်အသင်း ဖြစ်လာ

လီဗာပူအသင်းဟာ အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ မာရီဘော့အသင်းကို ဂိုးပြတ်အနိုင်ရမှုနဲ့အတူ ချန်ပီယံလိဂ်အဝေးကွင်း ပွဲစဉ်မှာ ပြိုင်ဘက်ကို ပထမပိုင်းအတွင်း ၄ ဂိုးသွင်း ယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ် ဖြစ်လာခဲ့ပါတယ်။

လီဗာပူအသင်းဟာ မာရီဘောအသင်းကို ပထမပိုင်းမှာပဲ ကော်တင်ဟို၊ ဖာမီနိုစ့်၊ ဆာလက်တို့ သွင်းဂိုးတွေနဲ့ ၄ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီး ပွဲပြီးချိန်မှာ ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အခုလိုမျိုး ဂိုးပြတ် အနိုင်ရမှုကြောင့် နည်းပြ ကလော့ဟာ ဖိအားအောက်နေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ လီဗာပူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရှိခဲ့တာကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ပါတယ်။

နည်းပြကလော့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မာရီဘော့ကို ဂိုးပြတ်သွင်းပြီး စံချိန်သစ်တင်နိုင်ဖို့ ဆိုတာဟာ လီဗာပူအသင်းအတွက် ခက်ခဲမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ အရင်က ကစားခဲ့တဲ့ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်တွေမှာ ပြိုင်ဘက်ကို အများဆုံး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် လက်ရှိ လီဗာပူအသင်းကတော့ ပြိုင်ဘက်ကို ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)