အေမရိကန္က ေဒၚလာ ၂၀၀ ဘီလီယံ တန္ဖုိးရွိ တ႐ုတ္ကုန္စည္ေတြကို အခြန္တုိးေကာက္

0
222

အေမရိကန္ႏုိင္ငံဟာ ႏုိင္ငံထဲကို တင္သြင္းတဲ့ အေမရိကန္ေဒၚလာ ၂၀၀ ဘီလီယံတန္ဖုိးရွိ တ႐ုတ္ကုန္စည္ေတြကို အခြန္ထပ္မံ တုိးေကာက္ဖုိ႔ အမိန္႔ေပးလုိက္ပါတယ္။

အေမရိကန္ဟာ တ႐ုတ္က တင္သြင္းတဲ့ ကုန္ပစၥည္းေပါင္း ၆ ေထာင္ေက်ာ္ကို အခြန္တုိးေကာက္မွာ ျဖစ္ပါတယ္။ ထပ္မံအခြန္တုိးေကာက္မယ့္ ကုန္စည္ေတြထဲမွာ လက္ကိုင္အိတ္၊ ဆန္၊ အဝတ္အထည္ေတြ ပါဝင္ေနပါတယ္။ တ႐ုတ္ကလည္း အေမရိကန္ အခြန္တုိးေကာက္တဲ့အတုိင္း ေကာက္ဖုိ႔ ဆႏၵရွိေနပါတယ္။

အခြန္တုိးေကာက္မႈကို စက္တင္ဘာ ၂၄ ရက္ေန႔မွာ စတင္မွာျဖစ္ၿပီး ၁၀ ရာခုိင္ႏႈန္း အခြန္ေကာက္မွာ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရး သေဘာတူညီမႈ မရဘူးဆုိရင္ လာမယ့္ႏွစ္ အေစာပိုင္းမွာ ၂၅ ရာခုိင္ႏႈန္းအထိ အခြန္ေကာက္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အမေရိကန်က ဒေါ်လာ ၂၀ဝ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်စည်တွေကို အခွန်တိုးကောက်

အမေရိကန်နိုင်ငံဟာ နိုင်ငံထဲကို တင်သွင်းတဲ့ အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်တွေကို အခွန်ထပ်မံ တိုးကောက်ဖို့ အမိန့်ပေးလိုက်ပါတယ်။

အမေရိကန်ဟာ တရုတ်က တင်သွင်းတဲ့ ကုန်ပစ္စည်းပေါင်း ၆ ထောင်ကျော်ကို အခွန်တိုးကောက်မှာ ဖြစ်ပါတယ်။ ထပ်မံအခွန်တိုးကောက်မယ့် ကုန်စည်တွေထဲမှာ လက်ကိုင်အိတ်၊ ဆန်၊ အဝတ်အထည်တွေ ပါဝင်နေပါတယ်။ တရုတ်ကလည်း အမေရိကန် အခွန်တိုးကောက်တဲ့အတိုင်း ကောက်ဖို့ ဆန္ဒရှိနေပါတယ်။

အခွန်တိုးကောက်မှုကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၁၀ ရာခိုင်နှုန်း အခွန်ကောက်မှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး သဘောတူညီမှု မရဘူးဆိုရင် လာမယ့်နှစ် အစောပိုင်းမှာ ၂၅ ရာခိုင်နှုန်းအထိ အခွန်ကောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)