
0
257




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကစားသမား ဘဝတစ်လျှောက် ဂိုးပေါင်း ၅၀ဝ ပြည့် သွင်းယူနိုင်တဲ့ မိုဗစ်

မန်ယူတိုက်စစ်မှူးဟောင်းဖြစ်တဲ့ အေဘရာဟီမိုဗစ်ဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ သူရဲ့ ကစားသမား ဘဝတစ်လျှောက် ဂိုးပေါင်း ၅၀ဝ ပြည့် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၃၆ နှစ် အရွယ်ရှိ မိုဗစ်ဟာ လက်ရှိမှာ မေဂျာလိဂ်ကလပ် အယ်အေဂလက်ဇီအသင်းမှာ ကစားနေပြီး ဂလက်ဇီနဲ့ တိုရွန်တို ကစားတဲ့ပွဲမှာ ဂလက်ဇီအတွက် လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

မိုဗစ်ဟာမက်ဆီ၊ စီရော်နယ်ဒိုတို့လို ကစားသမားတစ်လျှောက် ဂိုးပေါင်း ၅၀ဝ ပြည့် သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ မိုဗစ်က သူ သွင်းယူခဲ့တဲ့ ဂိုးတွေဟာ ဘုရားပေးတဲ့ဂိုးတွေ ဖြစ်တယ်လို့ တွစ်တာမှတဆင့် ရေးသားပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)