တ႐ုတ္ကို အင္အားျပင္းမုန္တုိင္းတုိက္လုိ႔ လူေပါင္း ၃ သန္းေက်ာ္ ေဘးလြတ္ရာကို ေျပာင္းခဲ့ရ

0
240

တ႐ုတ္ႏုိင္ငံမွာ အင္အားျပင္းမုန္တုိင္း မန္ခက္ တုိက္ခတ္ခဲ့မႈေၾကာင့္ ၄ ဦး ေသဆံုးသြားခဲ့ေၾကာင္း၊ မုန္တုိင္းေၾကာင့္ လူေပါင္း ၃ ဒသမ ၁ သန္းေက်ာ္ ေဘးလြတ္ရာကို ေရႊႊ႕ေျပာင္းေပးခဲ့ရေၾကာင္း တ႐ုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

 

မုန္တုိင္းနဲ႔အတူ တ႐ုတ္ေတာင္ပိုင္း ဂြန္ေဒါင္းၿမိဳ႕နဲ႔ အျခားၿမိဳ႕ေတြကို မုိးသည္းထန္စြာရြာသြန္းကာ ေလျပင္းတုိက္ခတ္ခဲ့လို႔ ေရႀကီး ေျမၿပိဳတာေတြျဖစ္ခဲ့ပါတယ္။ ေလဆိပ္ေတြနဲ႔ မီးရထားလမ္းေတြကို ယာယီပိတ္သိမ္း ထားရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မန္႔ခတ္မုန္တုိင္းဟာ အခုႏွစ္အတြင္း ကမာၻမွာ တုိက္ခတ္ခဲ့တဲ့မုန္တိုင္းေတြထဲ အားအျပင္းဆံုးျဖစ္ၿပီး ဖိလစ္ပုိင္၊ ေဟာင္ေကာင္တို႔ကို တုိက္ခတ္ၿပီးေနာက္ တ႐ုတ္ေတာင္ပိုင္းကို ထပ္မံတုိက္ခတ္ခဲ့တာျဖစ္ပါတယ္။ မုန္တုိင္း ဟာ ကုန္တြင္းကိုဦးတည္ေနၿပီး အားေပ်ာ့သြားၿပီျဖစ္ေၾကာင္း မိုးေလ၀သတဝန္ရွိသူေတြက ေျပာပါတယ္။ ေသဆံုးသူေတြဟာ သစ္ပင္ ၄ ပင္ လဲက်ခ်ိန္မွာ ပိက်ခဲ့မႈေၾကာင့္ ေသဆံုးခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ကို အင်အားပြင်းမုန်တိုင်းတိုက်လို့ လူပေါင်း ၃ သန်းကျော် ဘေးလွတ်ရာကို ပြောင်းခဲ့ရ

တရုတ်နိုင်ငံမှာ အင်အားပြင်းမုန်တိုင်း မန်ခက် တိုက်ခတ်ခဲ့မှုကြောင့် ၄ ဦး သေဆုံးသွားခဲ့ကြောင်း၊ မုန်တိုင်းကြောင့် လူပေါင်း ၃ ဒသမ ၁ သန်းကျော် ဘေးလွတ်ရာကို ရွှေွှ့ပြောင်းပေးခဲ့ရကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းနဲ့အတူ တရုတ်တောင်ပိုင်း ဂွန်ဒေါင်းမြို့နဲ့ အခြားမြို့တွေကို မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့လို့ ရေကြီး မြေပြိုတာတွေဖြစ်ခဲ့ပါတယ်။ လေဆိပ်တွေနဲ့ မီးရထားလမ်းတွေကို ယာယီပိတ်သိမ်း ထားရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန့်ခတ်မုန်တိုင်းဟာ အခုနှစ်အတွင်း ကမ္ဘာမှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲ အားအပြင်းဆုံးဖြစ်ပြီး ဖိလစ်ပိုင်၊ ဟောင်ကောင်တို့ကို တိုက်ခတ်ပြီးနောက် တရုတ်တောင်ပိုင်းကို ထပ်မံတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ မုန်တိုင်း ဟာ ကုန်တွင်းကိုဦးတည်နေပြီး အားပျော့သွားပြီဖြစ်ကြောင်း မိုးလေဝသတဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ သစ်ပင် ၄ ပင် လဲကျချိန်မှာ ပိကျခဲ့မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)