
1
238




>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်တရုတ်ပင်လယ်မှာ ဂျပန်က ရေငုပ်သင်္ဘောတွေနဲ့ ပထမဆုံး စစ်ရေးလေကျင့်

ဂျပန်နိုင်ငံဟာ အငြင်းပွားမှုတွေဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ ရေငုပ်သင်္ဘောတွေနဲ့ စစ်ရေးလေကျင့်မှု တွေ ပထမဆုံးအကြိမ် လုပ်ခဲ့ပါတယ်။

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးလေကျင့်ခဲ့တာဟာ တရုတ်ကို ရန်စလိုတဲ့ အပြုမှုမျိုး ဖြစ်ခဲ့တယ်လို့ သုံးသပ်နေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံထိန်းချုပ်ထားတဲ့ ကျွန်းရဲ့ အနောက်တောင်ဘက်မှာ ရေငုပ်သင်္ဘော ကူရိုရှီအိုနဲ့အတူ စစ်သင်္ဘောသုံးစီး စစ်ရေးလေကျင့်ခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေနဲ့ပတ်သက်လို့ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူးနိုင်းတို့ အငြင်းပွားနေပြီး အဲဒီတောင်တရုတ်ပင်လယ်ဟာ သဘာဝအရင်းမြစ် ပေါကြွယ်ဝတဲ့နေရာဖြစ်တယ်လို့ သုံးသပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.