ေျမၿပိဳမႈေတြေၾကာင့္ ေပ်ာက္ဆံုးေနသူေတြကို ဖိလစ္ပိုင္ ကယ္ဆယ္ေရးသမားေတြ ရွာေဖြ

0
178

ဖိလစ္ပိုင္ ကယ္ဆယ္ေရးသမားေတြဟာ လူဒါဇင္ခ်ီ ေသဆံုးေစခဲ့တဲ့ အင္အားျပင္းမုန္တုိင္း တိုင္ဖြန္းမန္းကြတ္ တုိက္ခတ္ၿပီးေနာက္ ေျမၿပိဳမႈေတြထဲ နစ္ျမဳပ္ေနတဲ့ ႐ုပ္အေလာင္းေတြကို ရွာေဖြေနပါတယ္။

ေက်ာက္မီးေသြး တူးေဖာ္တဲ့ေဒသ အီတိုဂြန္ၿမိဳ႕မွာ ေက်ာက္မီးေသြး တူးေဖာ္ေရးသမား ၃၂ ဦး ေျမၿပိဳမႈထဲ နစ္ျမဳပ္သြားခဲ့ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ ေျမႀကီးေအာက္ နစ္ျမဳပ္သြားခဲ့တဲ့ ေက်ာက္မီးေသြးတြင္း လုပ္သားေတြကို ရွာေဖြဖုိ႔ အမႈိက္ေတြ၊ ကြန္ကရစ္ေက်ာက္တံုးေတြကို ဖယ္ရွားေနရပါတယ္။ ေျမႀကီးအနက္ ေပ ၅၀ ေက်ာ္အထိ သစ္သားအပိုင္းအစေတြ၊ ကြန္ကရစ္အပိုင္းအစေတြကို ဖယ္ရွား ရွင္းလင္းေနရတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေပြိုမှုတွေကြောင့် ပျောက်ဆုံးနေသူတွေကို ဖိလစ်ပိုင်ကယ်ဆယ်ရေးသမားတွေ ရှာဖွေ

ဖိလစ်ပိုင် ကယ်ဆယ်ရေးသမားတွေဟာ လူဒါဇင်ချီ သေဆုံးစေခဲ့တဲ့ အင်အားပြင်းမုန်တိုင်း တိုင်ဖွန်းမန်းကွတ် တိုက်ခတ်ပြီးနောက် မြေပြိုမှုတွေထဲ နစ်မြုပ်နေတဲ့ ရုပ်အလောင်းတွေကို ရှာဖွေနေပါတယ်။

ကျောက်မီးသွေး တူးဖော်တဲ့ဒေသ အီတိုဂွန်မြို့မှာ ကျောက်မီးသွေး တူးဖော်ရေးသမား ၃၂ ဦး မြေပြိုမှုထဲ နစ်မြုပ်သွားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေကြီးအောက် နစ်မြုပ်သွားခဲ့တဲ့ ကျောက်မီးသွေးတွင်း လုပ်သားတွေကို ရှာဖွေဖို့ အမှိုက်တွေ၊ ကွန်ကရစ်ကျောက်တုံးတွေကို ဖယ်ရှားနေရပါတယ်။ မြေကြီးအနက် ပေ ၅၀ ကျော်အထိ သစ်သားအပိုင်းအစတွေ၊ ကွန်ကရစ်အပိုင်းအစတွေကို ဖယ်ရှား ရှင်းလင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)