မန္ယူတုိက္စစ္မႉး ရြန္းနီ ကားေမာင္းခြင့္ ၂ ႏွစ္ပိတ္ခံရ

0
242

မန္ယူတုိက္စစ္မႉး ဝိန္းရြန္းနီဟာ  အရက္ေသာက္ၿပီး ကားေမာင္ခဲ့လို႔ ကားေမာင္းခြင့္ ၂ ႏွစ္ပိတ္ပင္ခံခဲ့ရပါတယ္။   

ရြန္းနီဟာ စက္တင္ဘာ ၁ ရက္ေန႔က ခ်က္႐ိႈင္းယားရွိ ဝင္စလုိမွာ ရဲေတြ စစ္ေဆးတာေတြကို ခံရပါတယ္။ တရားရံုးက စံုစမ္းစစ္ေဆးၿပီးေနာက္ ရြန္းနီကို ၂ ႏွစ္ၾကာ ကာေမာင္းခြင့္ပိတ္ပင္တဲ့အျပင္ နာရီေပါင္း တစ္ရာ လူမႈေရးလုပ္ငန္းေတြကို လုပ္ေဆာင္ခိုင္းဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

ဒါ့အျပင္ တရားရံုးဟာ ရြန္းနီကို ေပါင္ ၁၇၀ ဒဏ္ရိုက္ခဲ့ပါတယ္။ ရြန္းနီက သူအေနနဲ႔ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ကို လက္ခံၿပီး သူရဲ႕ မွားယြင္းမႈေတြအတြက္ ေတာင္းပန္တယ္လို႔ ေျပာခဲ့ပါတယ္။ ရြန္းနီ ဟာ အေျပာင္းအေရြ႕ ကာလအတြင္းမွာ မန္ယူကေန အဲဗာတန္ အသင္းဆီကို ေျပာင္းေရႊ႕သြားခဲ့ၿပီးေနာက္ အဲဗာတန္ အသင္းအတြက္ ေျခစြမ္းျပကစားေနသူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူတိုက်စစ်မှူး ရွန်းနီ ကားမောင်းခွင့် ၂ နှစ်ပိတ်ခံရ

မန်ယူတိုက်စစ်မှူး ဝိန်းရွန်းနီဟာ အရက်သောက်ပြီး ကားမောင်ခဲ့လို့ ကားမောင်းခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

ရွန်းနီဟာ စက်တင်ဘာ ၁ ရက်နေ့က ချက်ရှိုင်းယားရှိ ဝင်စလိုမှာ ရဲတွေ စစ်ဆေးတာတွေကို ခံရပါတယ်။ တရားရုံးက စုံစမ်းစစ်ဆေးပြီးနောက် ရွန်းနီကို ၂ နှစ်ကြာ ကာမောင်းခွင့်ပိတ်ပင်တဲ့အပြင် နာရီပေါင်း တစ်ရာ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် တရားရုံးဟာ ရွန်းနီကို ပေါင် ၁၇၀ ဒဏ်ရိုက်ခဲ့ပါတယ်။ ရွန်းနီက သူအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး သူရဲ့ မှားယွင်းမှုတွေအတွက် တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။ ရွန်းနီ ဟာ အပြောင်းအရွေ့ ကာလအတွင်းမှာ မန်ယူကနေ အဲဗာတန် အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် အဲဗာတန် အသင်းအတွက် ခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)