ေရြးေကာက္ပြဲမွာ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဇနီး အႏိုင္ရ

0
264

 

ရာထူးက ထြက္ခဲ့ရတဲ့ ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ နာဝပ္ရွရစ္ရဲ႕ ဇနီးျဖစ္သူဟာ စက္တင္ဘာ ၁၇ ရက္ေန႔က လာဟိုးၿမိဳ႕မွာ ျပဳလုပ္တဲ့             ေရြးေကာက္ပြဲမွာ အႏုိင္ရသြားခဲ့ပါတယ္။  

အသက္ ၆၁ ႏွစ္ အရြယ္ရွိ ကူလ္ဆြန္နာဝပ္ဟာ ဆႏၵမဲ ေပါင္း ၆၁၂၅၄ မဲရရွိခဲ့ၿပီး အနီးကပ္ဆံုးၿပိဳင္ဘက္ထက္ မဲေပါင္း ၁၄၁၈၈ မဲ ပိုမ်ားခဲ့ပါတယ္။

ခင္ပြန္းျဖစ္သူ နာဝပ္ရွရစ္ဟာ ဇူလိုင္လတုန္းက အက်င့္ပ်က္ လာဘ္စားမႈေတြေၾကာင့္ ပါကစၥတန္တရားရံုးခ်ဳပ္က အရည္အခ်င္း ပ်က္ယြင္းတယ္လုိ႔ ဆံုးျဖတ္ခံရၿပီးေနာက္ ရာထူးက ထြက္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ကူလ္ဆန္ နာဝပ္ဟာ အဂၤလန္ႏုိင္ငံမွာ ကင္ဆာေရာဂါကို ကုသမႈေနပါတယ္။ အခုလိုမ်ိဳး မိသားစုေနထုိင္ရာ ၿမိဳ႕မွာ        မိခင္ျဖစ္သူ အႏုိင္ရခဲ့တာဟာ ျပည္သူေတြရဲ႕ ေထာက္ခံမႈေတြကို ျပသလုိက္တာျဖစ္ၿပီး ဖခင္ျဖစ္သူအေပၚ တရားရံုးခ်ဳပ္ရဲ႕ ဆံုးျဖတ္မႈဟာ မွန္ကန္မွ်တမႈ မရွိဘူးဆိုတာကို သက္ေသျပလုိက္တာ ျဖစ္တယ္လို႔ သမီးျဖစ္သူ မာရမ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွေးကောက်ပွဲမှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဇနီး အနိုင်ရ

ရာထူးက ထွက်ခဲ့ရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှရစ်ရဲ့ ဇနီးဖြစ်သူဟာ စက်တင်ဘာ ၁၇ ရက်နေ့က လာဟိုးမြို့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။

အသက် ၆၁ နှစ် အရွယ်ရှိ ကူလ်ဆွန်နာဝပ်ဟာ ဆန္ဒမဲ ပေါင်း ၆၁၂၅၄ မဲရရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက်ထက် မဲပေါင်း ၁၄၁၈၈ မဲ ပိုများခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ နာဝပ်ရှရစ်ဟာ ဇူလိုင်လတုန်းက အကျင့်ပျက် လာဘ်စားမှုတွေကြောင့် ပါကစ္စတန်တရားရုံးချုပ်က အရည်အချင်း ပျက်ယွင်းတယ်လို့ ဆုံးဖြတ်ခံရပြီးနောက် ရာထူးက ထွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကူလ်ဆန် နာဝပ်ဟာ အင်္ဂလန်နိုင်ငံမှာ ကင်ဆာရောဂါကို ကုသမှုနေပါတယ်။ အခုလိုမျိုး မိသားစုနေထိုင်ရာ မြို့မှာ မိခင်ဖြစ်သူ အနိုင်ရခဲ့တာဟာ ပြည်သူတွေရဲ့ ထောက်ခံမှုတွေကို ပြသလိုက်တာဖြစ်ပြီး ဖခင်ဖြစ်သူအပေါ် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်မှုဟာ မှန်ကန်မျှတမှု မရှိဘူးဆိုတာကို သက်သေပြလိုက်တာ ဖြစ်တယ်လို့ သမီးဖြစ်သူ မာရမ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)