ဥေရာပ ၿမိဳ႕ႀကီးေတြမွာ အက္ဆစ္နဲ႔ တိုက္ခုိက္မႈ ျမင့္တက္ေန

0
302

ဥေရာပႏုိင္ငံေတြရဲ႕ ၿမိဳ႕ႀကီးေတြမွာ အက္ဆစ္နဲ႔တိုက္ခိုက္မႈ ျမင့္တက္လာေနၿပီး စက္တင္ဘာ ၁၇ ရက္ေန႔ကလည္း ျပင္သစ္ႏုိင္ငံ         မာေဆးလ္ၿမိဳ႕ ဘူတာရံုမွာ အေမရိကန္အမ်ိဳးသမီး ၄ ဦး အက္ဆစ္နဲ႔ ပက္ကာ တုိက္ခိုက္ခံရပါတယ္။  

အက္ဆစ္ဟာ အၾကမ္းဖက္ တိုက္ခိုက္လိုသူေတြအတြက္ အဓိက လက္နက္ျဖစ္လာမွာကိုိ စိုးရိမ္မႈေတြ ရွိေနပါတယ္။ အက္ဆစ္နဲ႔ တုိက္ခိုက္ခံရတဲ့ အေမရိကန္အမ်ိဳးသမီး ၄ ဦးထဲက တစ္ဦး ဒဏ္ရာရခဲ့ၿပီး တုိက္ခုိက္ခဲ့သူကို ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ ျပင္သစ္ အာဏာပိုင္ေတြက အက္ဆစ္နဲ႔ တိုက္ခိုက္ခဲ့သူဟာ စိတ္က်န္းမာေရး မေကာင္းသူျဖစ္တယ္လို႔ ေျပာပါတယ္။

ဥေရာပႏုိင္ငံက ၿမိဳ႕ႀကီးေတြမွာ ဓားနဲ႔တုိက္ခိုက္ခံရမႈ၊ ကားနဲ႔ တုိက္ခုိက္ခံရမႈ အျပင္ အက္ဆစ္နဲ႔ တုိက္ခိုက္မႈေတြလည္း    ျဖစ္ေပၚခဲ့ဖူးပါတယ္။ ျပင္သစ္ႏုိင္ငံဟာ အၾကမ္းဖက္ တိုက္ခိုက္ေရးသမားေတြရဲ႕ ပစ္မွတ္ မၾကာခန ျဖစ္ခဲ့လုိ႔ လံုၿခံဳေရး တင္းက်ပ္ထားရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥရောပ မြို့ကြီးတွေမှာ အက်ဆစ်နဲ့ တိုက်ခိုက်မှု မြင့်တက်နေ

ဥရောပနိုင်ငံတွေရဲ့ မြို့ကြီးတွေမှာ အက်ဆစ်နဲ့တိုက်ခိုက်မှု မြင့်တက်လာနေပြီး စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ ဘူတာရုံမှာ အမေရိကန်အမျိုးသမီး ၄ ဦး အက်ဆစ်နဲ့ ပက်ကာ တိုက်ခိုက်ခံရပါတယ်။

အက်ဆစ်ဟာ အကြမ်းဖက် တိုက်ခိုက်လိုသူတွေအတွက် အဓိက လက်နက်ဖြစ်လာမှာကိို စိုးရိမ်မှုတွေ ရှိနေပါတယ်။ အက်ဆစ်နဲ့ တိုက်ခိုက်ခံရတဲ့ အမေရိကန်အမျိုးသမီး ၄ ဦးထဲက တစ်ဦး ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပြင်သစ် အာဏာပိုင်တွေက အက်ဆစ်နဲ့ တိုက်ခိုက်ခဲ့သူဟာ စိတ်ကျန်းမာရေး မကောင်းသူဖြစ်တယ်လို့ ပြောပါတယ်။

ဥရောပနိုင်ငံက မြို့ကြီးတွေမှာ ဓားနဲ့တိုက်ခိုက်ခံရမှု၊ ကားနဲ့ တိုက်ခိုက်ခံရမှု အပြင် အက်ဆစ်နဲ့ တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ပြင်သစ်နိုင်ငံဟာ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေရဲ့ ပစ်မှတ် မကြာခန ဖြစ်ခဲ့လို့ လုံခြုံရေး တင်းကျပ်ထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)