
0
377




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဓားကိုင်ထားတဲ့ LGBT အရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား ပစ်သတ်ခံရ

LGBT အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကျောင်းသားလည်း ဖြစ်တဲ့ ဓားကိုင်ဆောင်ထားသူ စကောက် ရှု (ဇ်) ကို အတ္တလန်တာရှိ တက္ကသိုလ် ပရိဝုဏ်ထဲမှာ ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် စကောက် ရှု (ဇ်) ဟာ အင်ဂျင်နီယာ စတုတ္ထနှစ် ကျောင်းသားဖြစ်ပြီး သူက ဓားကို ကိုင်ဆောင်ထားတယ်လို့ အမေရိကန်ရဲတွေက ပြောပါတယ်။

တက္ကသိုလ် ပရိဝုဏ်ထဲမှာ လူတစ်ယောက် ဓားနဲ့ သေနတ် ကိုင်ထားတယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ဂျော်ဂျီယာရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက အကြိမ်ကြိမ် လက်နက်ချဖို့ ပြောခဲ့ပေမယ့် ရှု (ဇ်) က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ရဲရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှု (ဇ်) ဟာ ပစ်ခတ်ခံရပြီးနောက် ဆေးရုံမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)