ဂ်ပန္မွာ ေမြးသူေတြ ကံအေကာင္းဆံုးလို႔ စစ္တမ္းတစ္ခုက ေဖာ္ျပ

0
398

ဂ်ပန္၊ နယူးဇီလန္နဲ႔ ၾသစေၾတးလ်မွာ ေမြးသူေတြဟာ အာရွ ပစိဖိတ္ေဒသတြင္းမွာ ကံအေကာင္းဆံုး ျဖစ္တယ္လို႔ သုေတသန   စစ္တမ္းတစ္ခု ေဖာ္ျပပါတယ္။

ျပည္တြင္း အခ်က္အလက္ေတြျဖစ္တဲ့ လူသား ဖြံ႔ၿဖိဳးမႈ၊ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရး၊ ျပည္ပ အခ်က္အလက္ေတြ ျဖစ္တဲ့ ခရီးသြားဗီဇာ၊ ဗီဇာမလိုဘဲ တျခားႏိုင္ငံေတြမွာ အေျခခြင့္နဲ႔ အလုပ္လုပ္ခြင့္ စတာေတြေပၚမူတည္ၿပီး အႀကံေပးကုမၸဏီတစ္ခုျဖစ္တဲ့ ဟန္ေလႏွင့္ အေပါင္းအပါမ်ားလုပ္ငန္းက သုေတသန ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္အတြက္ ကံအေကာင္းဆံုး ႏိုင္ငံသားေတြထဲမွာ ဂ်ပန္က အဆင့္ ၃၁ နဲ႔ ပထမ၊ နယူးဇီလန္က အဆင့္ ၃၂ နဲ႔ ဒုတိယ၊                 ၾသစေၾတးလ်က အဆင့္ ၃၃ နဲ႔ တတိယ အသီးသီး ျဖစ္ပါတယ္။ ခရီးသြားလာမႈ လြတ္လပ္ခြင့္မွာ ဂ်ပန္က အဆင့္ ၇ နဲ႔ ပထမ ျဖစ္ပါတယ္။

အေရွ႕ေတာင္အာရွ ႏိုင္ငံေတြျဖစ္တဲ့ စင္ကာပူက အဆင့္ ၃၆ နဲ႔ မေလးရွားက အဆင့္ ၄၅ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားက ၃၉               မွတ္ျဖစ္ၿပီး ေျမာက္ကိုရီးယားကိုေတာ့ ဒီေလ့လာမႈမွာ ထည့္တြက္မထားပါဘူး။ အာရွမွာ တ႐ုတ္နဲ႔ အိႏၵိယကလည္း ကံမေကာင္းတဲ့အထဲမွာၿပီး အဆင့္ ၆၁ နဲ႔ အဆင့္ ၁၀၁ အသီးသီး ျဖစ္ၾကပါတယ္။ ပါကစၥတန္၊ အာဖဂန္နစၥတန္၊ ဆီးရီးယားနဲ႔ ဆူဒန္တို႔က ကံအဆိုးဆံုး စာရင္းထဲမွာ ပါဝင္ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ မွေးသူတွေ ကံအကောင်းဆုံးလို့ စစ်တမ်းတစ်ခုက ဖော်ပြ

ဂျပန်၊ နယူးဇီလန်နဲ့ သြစတြေးလျမှာ မွေးသူတွေဟာ အာရှ ပစိဖိတ်ဒေသတွင်းမှာ ကံအကောင်းဆုံး ဖြစ်တယ်လို့ သုတေသန စစ်တမ်းတစ်ခု ဖော်ပြပါတယ်။

ပြည်တွင်း အချက်အလက်တွေဖြစ်တဲ့ လူသား ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ပြည်ပ အချက်အလက်တွေ ဖြစ်တဲ့ ခရီးသွားဗီဇာ၊ ဗီဇာမလိုဘဲ တခြားနိုင်ငံတွေမှာ အခြေခွင့်နဲ့ အလုပ်လုပ်ခွင့် စတာတွေပေါ်မူတည်ပြီး အကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟန်လေနှင့် အပေါင်းအပါများလုပ်ငန်းက သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် ကံအကောင်းဆုံး နိုင်ငံသားတွေထဲမှာ ဂျပန်က အဆင့် ၃၁ နဲ့ ပထမ၊ နယူးဇီလန်က အဆင့် ၃၂ နဲ့ ဒုတိယ၊ သြစတြေးလျက အဆင့် ၃၃ နဲ့ တတိယ အသီးသီး ဖြစ်ပါတယ်။ ခရီးသွားလာမှု လွတ်လပ်ခွင့်မှာ ဂျပန်က အဆင့် ၇ နဲ့ ပထမ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူက အဆင့် ၃၆ နဲ့ မလေးရှားက အဆင့် ၄၅ ဖြစ်ပါတယ်။ တောင်ကိုရီးယားက ၃၉ မှတ်ဖြစ်ပြီး မြောက်ကိုရီးယားကိုတော့ ဒီလေ့လာမှုမှာ ထည့်တွက်မထားပါဘူး။ အာရှမှာ တရုတ်နဲ့ အိန္ဒိယကလည်း ကံမကောင်းတဲ့အထဲမှာပြီး အဆင့် ၆၁ နဲ့ အဆင့် ၁၀၁ အသီးသီး ဖြစ်ကြပါတယ်။ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ ဆူဒန်တို့က ကံအဆိုးဆုံး စာရင်းထဲမှာ ပါဝင်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)