အသက် ၈၂ နှစ်အရွယ် စတက်ဖို့ဒ်ရှိုင်းယား ကောင်စီဝင် အင်တာနက် မသုံးတတ်လို့ နုတ်ထွက်

0
119

အင်္ဂလန်နိုင်ငံ၊ စတက်ဖို့ဒ်ရှိုင်းယား စီရင်စု ကောင်စီဝင် အသက် ၈၂ နှစ်အရွယ် မစ္စတာ ဘားနဒ် ဘရောင်းဟာ အင်တာနက်နဲ့ ဗီဒီယို ကွန်ဖရင့် အစည်းအဝေးတွေကို မတက်ရောက်တတ်တဲ့အတွက် နုတ်ထွက်စာ တင်လိုက်ပါတယ်။

ကပ်ရောဂါ ကာလအတွင်း ဗီဒီယို ကွန်ဖရင့် အစည်းအဝေးတွေ ပြုလုပ်ရာမှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်လို့ အင်တာနက်၊ ကွန်ပြူတာတွေ မသုံးတတ်တဲ့အတွက် လူမှုမီဒီယာမှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ လေဘာပါတီဝင် မစ္စတာ ဘရောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက အစည်းအဝေးတွေ မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒေသန္တရ အစိုးရ ဥပဒေစည်းမျဉ်းအရ ကောင်စီဝင်တစ်ဦးဟာ အစည်းအဝေးတွေကို ခြောက်လကြာ မတက်ရောက်ရင် အရည်အချင်း မပြည့်မီသူအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ဘရောင်းဟာ ဒီဥပဒေစည်းမျဉ်းအရ စက်တင်ဘာလ ၁၀ ရက်နေ့မှာ အရည်အချင်း မပြည့်မီဘူးလို့ စွပ်စွဲမှု ခံရနိုင်မယ့် အခြေအနေ ရှိနေပါတယ်။

အတိုက်အခံ လောဘာပါတီအုပ်စု ခေါင်းဆောင် စတီဗင် နော်မန်က ကောင်စီဝင် မစ္စတာ ဘရောင်းဟာ နုတ်ထွက်စာတင်လိုက်ပါပြီလို့ ပြောခဲ့ပါတယ်။

ဗီဒီယို ကွန်ဖရင့် အစည်းအဝေးတွေ မတက်ရောက်တဲ့အတွက် မစ္စတာ ဘရောင်းကို လူမှုမီဒီယာမှာ ဝေဖန်တဲ့ မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။ တချို့ကလည်း သူ့ကို သစ်တုံးကြီးလို့ လှောင်ပြောင်ကြပါတယ်။

မဈစတာ နောမြနကြတော့ မဈစတာ ဘရောငြးဟာ အငတြာနကြ မသုံးတတကြှောငြး၊ သူကှိုးစားသငယြူသလို သူ့ကို ဝိုငြးဝနြးကူညီကှပမယေ့ြ သူ့အသကဟြာ ၈၂ နှဈ ရှိနပှေီ ဖှဈကှောငြး၊ အခု ဝဖနြေ လှောငပြှောငနြသေူတှဟော အရငကြ မဈစတာ ဘရောငြး ဘာတှေ လုပကြိုငခြဲ့ဖူးတယဆြိုတာကို မသိကွိုးကွှံပှုနသေူတှေ ဖှဈကှောငြး ပှောပါတယြ။

___________________

___________________

အသကျ ၈၂ နှဈအရှယျ စတကျဖို့ဒျရှိုငျးယား ကောငျစီဝငျ အငျတာနကျ မသုံးတတျလို့ နုတျထှကျ

အင်္ဂလန်နိုင်ငံ၊ စတက်ဖို့ဒ်ရှိုင်းယား စီရင်စု ကောင်စီဝင် အသက် ၈၂ နှစ်အရွယ် မစ္စတာ ဘားနဒ် ဘရောင်းဟာ အင်တာနက်နဲ့ ဗီဒီယို ကွန်ဖရင့် အစည်းအဝေးတွေကို မတက်ရောက်တတ်တဲ့အတွက် နုတ်ထွက်စာ တင်လိုက်ပါတယ်။

ကပ်ရောဂါ ကာလအတွင်း ဗီဒီယို ကွန်ဖရင့် အစည်းအဝေးတွေ ပြုလုပ်ရာမှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်လို့ အင်တာနက်၊ ကွန်ပြူတာတွေ မသုံးတတ်တဲ့အတွက် လူမှုမီဒီယာမှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ လေဘာပါတီဝင် မစ္စတာ ဘရောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက အစည်းအဝေးတွေ မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒေသန္တရ အစိုးရ ဥပဒေစည်းမျဉ်းအရ ကောင်စီဝင်တစ်ဦးဟာ အစည်းအဝေးတွေကို ခြောက်လကြာ မတက်ရောက်ရင် အရည်အချင်း မပြည့်မီသူအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ဘရောင်းဟာ ဒီဥပဒေစည်းမျဉ်းအရ စက်တင်ဘာလ ၁၀ ရက်နေ့မှာ အရည်အချင်း မပြည့်မီဘူးလို့ စွပ်စွဲမှု ခံရနိုင်မယ့် အခြေအနေ ရှိနေပါတယ်။

အတိုက်အခံ လောဘာပါတီအုပ်စု ခေါင်းဆောင် စတီဗင် နော်မန်က ကောင်စီဝင် မစ္စတာ ဘရောင်းဟာ နုတ်ထွက်စာတင်လိုက်ပါပြီလို့ ပြောခဲ့ပါတယ်။  

ဗီဒီယို ကွန်ဖရင့် အစည်းအဝေးတွေ မတက်ရောက်တဲ့အတွက် မစ္စတာ ဘရောင်းကို လူမှုမီဒီယာမှာ ဝေဖန်တဲ့ မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။ တချို့ကလည်း သူ့ကို သစ်တုံးကြီးလို့ လှောင်ပြောင်ကြပါတယ်။ မစ္စတာ နော်မန်ကတော့ မစ္စတာ ဘရောင်းဟာ အင်တာနက် မသုံးတတ်ကြောင်း၊ သူကြိုးစားသင်ယူသလို သူ့ကို ဝိုင်းဝန်းကူညီကြပေမယ့် သူ့အသက်ဟာ ၈၂ နှစ် ရှိနေပြီ ဖြစ်ကြောင်း၊ အခု ဝေဖန် လှောင်ပြောင်နေသူတွေဟာ အရင်က မစ္စတာ ဘရောင်း ဘာတွေ လုပ်ကိုင်ခဲ့ဖူးတယ်ဆိုတာကို မသိကျိုးကျွံပြုနေသူတွေ ဖြစ်ကြောင်း ပြောပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)