TST အဖွဲ့က K-Pop စတား ကင်မ် ဂျောင်ဟွမ် သေဆုံး

0
225

TST အဖွဲ့က ယိုဟန်လို့ သိကြတဲ့ K-Pop စတား ကင်မ် ဂျောင်ဟွမ်ဟာ အသက် ၂၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ကိုရီးယားသတင်းတွေမှာ ယိုဟန် ကွယ်လွန်ကြောင်း ဖော်ပြနေကြပြီး သူတို့အဖွဲ့ရဲ့ KJ Music Entertainment ကတော့ ယိုဟန်ရဲ့ မိသားစုဟာ အလွန် ကြေကွဲဝမ်းနည်းနေပြီး သူတို့ကို မနှောက်ယှက်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒီအလွန်ကံဆိုးတဲ့အဖြစ်အတွက် ဝမ်းနည်းရကြောင်း၊ TST အဖွဲ့ဝင် ယိုဟန်ဟာ ဇွန်လ ၁၆ ရက်နေ့ကပဲ ဒီလောကကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိသားစုဝင်တွေကလည်း မီဒီယာတွေ ဝေးဝေးနေကြဖို့၊ ယိုဟန်သေဆုံးမှုနဲ့ ပတ်သက်လို့ မှန်းဆချက်တွေကို လေးစားသောအားဖြင့် မရေးသားကြဖို့ တောင်းဆိုထားပါတယ်။

ယိုဟန်ဟာ ၂၀၁၃ ခုနှစ်က NOM (No Other Man) အဖွဲ့နဲ့ K-Pop လောကထဲကို ဝင်ရောက်လာပြီး ၂၀၁၇ ခုနှစ်မှာ အရင်က Top Secret လို့ ခေါ်တဲ့ TST အဖွဲ့မှာ ပါဝင်လာတာပါ။ TST အဖွဲ့ဟာ Paradise, Mind and Wake Up သီချင်းတွေနဲ့ အောင်မြင်မှုရခဲ့ပြီး အဖွဲ့ရဲ့ နောက်ဆုံး စင်ဂယ်အခွေ Countdown ကို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ ဖြန့်ချိခဲ့ပါတယ်။

တောငကြိုရီးယား ဂီတလောကဟာ မကှာသေးခငြ နှဈတှကေ နာမညကြွောတြှေ သဆေုံးမှုကှောင့ြ ရိုကခြတမြှုတှေ ရှိနပေါတယြ။ တောငကြိုရီးယားရဲ့ idol တှဖှဈေတဲ့ K-Pop စတားတှဟော စိတပြိုငြးဆိုငရြာ ပှူနာတှေ ရှိနတယေဆြိုတာကို မီးမောငြးထိုးပှနပေါတယြ။

___________________

___________________

TST အဖှဲ့က K-Pop စတား ကငျမျ ဂြောငျဟှမျ သဆေုံး

TST အဖွဲ့က ယိုဟန်လို့ သိကြတဲ့ K-Pop စတား ကင်မ် ဂျောင်ဟွမ်ဟာ အသက် ၂၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ကိုရီးယားသတင်းတွေမှာ ယိုဟန် ကွယ်လွန်ကြောင်း ဖော်ပြနေကြပြီး သူတို့အဖွဲ့ရဲ့ KJ Music Entertainment ကတော့ ယိုဟန်ရဲ့ မိသားစုဟာ အလွန် ကြေကွဲဝမ်းနည်းနေပြီး သူတို့ကို မနှောက်ယှက်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒီအလွန်ကံဆိုးတဲ့အဖြစ်အတွက် ဝမ်းနည်းရကြောင်း၊ TST အဖွဲ့ဝင် ယိုဟန်ဟာ ဇွန်လ ၁၆ ရက်နေ့ကပဲ ဒီလောကကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိသားစုဝင်တွေကလည်း မီဒီယာတွေ ဝေးဝေးနေကြဖို့၊ ယိုဟန်သေဆုံးမှုနဲ့ ပတ်သက်လို့ မှန်းဆချက်တွေကို လေးစားသောအားဖြင့် မရေးသားကြဖို့ တောင်းဆိုထားပါတယ်။

ယိုဟန်ဟာ ၂၀၁၃ ခုနှစ်က NOM (No Other Man) အဖွဲ့နဲ့ K-Pop လောကထဲကို ဝင်ရောက်လာပြီး ၂၀၁၇ ခုနှစ်မှာ အရင်က Top Secret လို့ ခေါ်တဲ့ TST အဖွဲ့မှာ ပါဝင်လာတာပါ။ TST အဖွဲ့ဟာ Paradise, Mind and Wake Up သီချင်းတွေနဲ့ အောင်မြင်မှုရခဲ့ပြီး အဖွဲ့ရဲ့ နောက်ဆုံး စင်ဂယ်အခွေ Countdown ကို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ ဖြန့်ချိခဲ့ပါတယ်။

တောင်ကိုရီးယား ဂီတလောကဟာ မကြာသေးခင် နှစ်တွေက နာမည်ကျော်တွေ သေဆုံးမှုကြောင့် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ တောင်ကိုရီးယားရဲ့ idol တွေဖြစ်တဲ့ K-Pop စတားတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)