မဲဝယ်မှုသံသယကြောင့် ဂျပန် တရားရေး ဝန်ကြီးဟောင်းနဲ့ ဇနီး လွှတ်တော်အမတ်တို့ အဖမ်းခံရ

0
222

ဂျပန် တရားရေးဝန်ကြီးဟောင်းနဲ့ ဇနီးဖြစ်သူ လွှတ်တော်အမတ်တို့ဟာ မဲဝယ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဒီနေ့ ဇွန်လ ၁၈ ရက်မှာ အဖမ်းခံလိုက်ရပြီး ဒါဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထောက်ခံမှုရဖို့ ကြိုးစားနေချိန်မှာ ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။

တရားရေး ဝန်ကြီးဟောင်း ကတ်ဆုယုကိ ကာဝါအီနဲ့ ဇနီးဖြစ်သူ အထက်လွှတ်တော်မတ် အန်ရီ ကာဝါအီတို့ဟာ ၂၀၁၉ ခုနှစ်တုန်းက အထက်လွှတ်တော်အမတ် ရွေးချယ်ပွဲ မတိုင်ခင် လူပုဂ္ဂိုလ် ၁၀၀ ခန့်ကို ယန်းငွေ သန်းချီ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အန်ရီ ကာဝါအီဟာ အထက်လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

တရားရေး ဝန်ကြီး ကတ်ဆုယုကိ ကာဝါအီကတော့ သူ့ဇနီး အမတ်ဖြစ်လာတာကြောင့် ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ မညီညွတ်လို့ မနှစ်က အောက်တိုဘာလမှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။


__________________

 河井克行前法相、河井案里参院議員

__________________

မဲဝယ်မှုသံသယကြောင့် ဂျပန် တရားရေး ဝန်ကြီးဟောင်းနဲ့ ဇနီး လွှတ်တော်အမတ်တို့ အဖမ်းခံရ

ဂျပန် တရားရေးဝန်ကြီးဟောင်းနဲ့ ဇနီးဖြစ်သူ လွှတ်တော်အမတ်တို့ဟာ မဲဝယ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဒီနေ့ ဇွန်လ ၁၈ ရက်မှာ အဖမ်းခံလိုက်ရပြီး ဒါဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထောက်ခံမှုရဖို့ ကြိုးစားနေချိန်မှာ ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။

တရားရေး ဝန်ကြီးဟောင်း ကတ်ဆုယုကိ ကာဝါအီနဲ့ ဇနီးဖြစ်သူ အထက်လွှတ်တော်မတ် အန်ရီ ကာဝါအီတို့ဟာ ၂၀၁၉ ခုနှစ်တုန်းက အထက်လွှတ်တော်အမတ် ရွေးချယ်ပွဲ မတိုင်ခင် လူပုဂ္ဂိုလ် ၁၀၀ ခန့်ကို ယန်းငွေ သန်းချီ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အန်ရီ ကာဝါအီဟာ အထက်လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

တရားရေး ဝန်ကြီး ကတ်ဆုယုကိ ကာဝါအီကတော့ သူ့ဇနီး အမတ်ဖြစ်လာတာကြောင့် ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ မညီညွတ်လို့ မနှစ်က အောက်တိုဘာလမှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ တရားရေး ဝန်ကြီးဟောင်းနဲ့ အလွန်ခင်မင်ရင်းနှီးသူ ဖြစ်ပြီး ဝေဖန်စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ထိန်းချုပ်ရေးကိုသာ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)