မန်စီးတီးက အာဆင်နယ်ကို ၃ ဂိုးပြတ် နိုင်

0
384

ဇွန်လ ၁၇ ရက်နေ့က ပြန်လည် စတင်လိုက်တဲ့ ပရီမီယာလိဂ် ဒုတိယပွဲစဉ်မှာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားကြပြီး မန်စီးတီးက အာဆင်နယ်ကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံး ကစားသမား ၁၀ ဦးနဲ့ ကစားခဲ့ရတာပါ။ အာဆင်နယ်နောက်တန်းက ဒေးဗစ်လူးဝစ် ဒုတိယပိုင်း ၄၉ မိနစ်မှာ အနီကတ်နဲ့ ထုတ်ခံရတာကြောင့် ၁၀ ယောက်နဲ့ကစားခဲ့ရပါတယ်။ အလားတူ မန်စီးတီးအသင်းက ဂိုးသမား အီဒါဆင်နဲ့ နောက်တန်းလူ အဲရစ် ဂါစီယာတို့ ၈၉ မိနစ်မှာ တိုက်မိပြီး ဂါစီယာ ဒဏ်ရာရသွားလို့ နောက်ထပ် လူစားလဲစရာမရှိတဲ့အတွက် နောက်ထပ် ၁၀ မိနစ်ကျော်ကို ကစားသမား ၁၀ ဦးနဲ့ ကစားခဲ့ရပါတယ်။

မန်စီးတီးအတွက် ဂိုးတွေကို စတာလင်း၊ ဒီဘရိုင်းနားနဲ့ ဖိုဒန်တို့က သွင်းယူခဲ့ကြပါတယ်။ ပွဲမစခင်မှာ ကစားသမားတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ သူတွေအတွက် ဝမ်နည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး Black Lives Matter လှုပ်ရှားမှုနဲ့ တသားတည်းရှိကြောင်း ပြသဖို့ ကွင်းထဲမှာ ဒူးထောက်ခဲ့ကြပါတယ်။

ကိုရိုနာဗိုငြးရပဈြကို ရှေ့တနြးကနေ တိုကပြှဲဝငခြဲ့တဲ့ ကနွြးမာရေးဝနထြမြးတှကေိုလညြး ဂုဏပြှုပှီး အသငြးအငြျကွီရဲ့ တှရေဲ့ ရငဘြတမြှာ အမွိုးသားကနွြးမာရေးဌာန (NHS) တံဆိပတြှနေဲ့ ဂုဏပြှုခဲ့ပှီး ကွောဘကမြှာလညြး အရငကြ ကစားသမားနာမညတြှေ နရောမှာ Black Lives Matter ဆိုတဲ့စာတနြးကို ထိုးထားခဲ့ကှပါတယြ။

___________________

___________________

မနျစီးတီးက အာဆငျနယျကို ၃ ဂိုးပွတျ နိုငျ

ဇွန်လ ၁၇ ရက်နေ့က ပြန်လည် စတင်လိုက်တဲ့ ပရီမီယာလိဂ် ဒုတိယပွဲစဉ်မှာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားကြပြီး မန်စီးတီးက အာဆင်နယ်ကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ 

ဒီပွဲမှာ နှစ်သင်းစလုံး ကစားသမား ၁၀ ဦးနဲ့ ကစားခဲ့ရတာပါ။ အာဆင်နယ်နောက်တန်းက ဒေးဗစ်လူးဝစ် ဒုတိယပိုင်း ၄၉ မိနစ်မှာ အနီကတ်နဲ့ ထုတ်ခံရတာကြောင့် ၁၀ ယောက်နဲ့ကစားခဲ့ရပါတယ်။ အလားတူ မန်စီးတီးအသင်းက ဂိုးသမား အီဒါဆင်နဲ့ နောက်တန်းလူ အဲရစ် ဂါစီယာတို့ ၈၉ မိနစ်မှာ တိုက်မိပြီး ဂါစီယာ ဒဏ်ရာရသွားလို့ နောက်ထပ် လူစားလဲစရာမရှိတဲ့အတွက် နောက်ထပ် ၁၀ မိနစ်ကျော်ကို ကစားသမား ၁၀ ဦးနဲ့ ကစားခဲ့ရပါတယ်။

မန်စီးတီးအတွက် ဂိုးတွေကို စတာလင်း၊ ဒီဘရိုင်းနားနဲ့ ဖိုဒန်တို့က သွင်းယူခဲ့ကြပါတယ်။ ပွဲမစခင်မှာ ကစားသမားတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ သူတွေအတွက် ဝမ်နည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ 

လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး Black Lives Matter လှုပ်ရှားမှုနဲ့ တသားတည်းရှိကြောင်း ပြသဖို့ ကွင်းထဲမှာ ဒူးထောက်ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဂုဏ်ပြုပြီး အသင်းအင်္ကျီရဲ့ တွေရဲ့ ရင်ဘတ်မှာ အမျိုးသားကျန်းမာရေးဌာန (NHS) တံဆိပ်တွေနဲ့ ဂုဏ်ပြုခဲ့ပြီး ကျောဘက်မှာလည်း အရင်က ကစားသမားနာမည်တွေ နေရာမှာ Black Lives Matter ဆိုတဲ့စာတန်းကို ထိုးထားခဲ့ကြပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)