အောက်စ်ဖို့ဒ် တက္ကသိုလ်၊ အိုရီယယ် ကောလိပ်ရှိ စစ်စီ ရိုဒတ်စ်ရဲ့ ရုပ်တုကို ဖယ်ရှားမယ်

0
125

အောက်စ်ဖို့ဒ် တက္ကသိုလ်၊ အိုရီယယ် ကောလိပ်ရှိ ရုပ်တုဟာ နယ်ချဲ့ဝါဒနဲ့ လူမျိုးရေးခွဲခြားမှု သင်္ကေတ ဖြစ်တာကြောင့် ဖယ်ရှားပေးဖို့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ စုဝေးတောင်းဆိုမှု ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြတောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အိုရီယယ် ကောလိပ်ရှိ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း၊ တောင်အာဖရိကရှိ ကိပ်အငူကို ကိုလိုနီချဲ့ခဲ့သူ စစ်ဆီ ရိုဒတ်စ်ရဲ့ ရုပ်တုကို ဖယ်ရှားပေးဖို့ အောက်စ်ဖို့ဒ် တက္ကသိုလ်က မနေ့ ဇွန်လ ၁၇ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ကောလိပ် အုပ်ချုပ်ရေးအဖွဲ့က ရိုဒတ်စ်ရဲ့ ရုပ်တုကို ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် တက္ကသိုလ်က ပေးနေတဲ့ နိုင်ငံတကာ ကျောင်းသားတွေအတွက် ပညာသင်ဆု အပါအဝင် ရိုဒတ်စ်ရဲ့ နောက်ကြောင်းနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ရုပ်တုဖယ်ရှားပွဲကို လူမည်း၊ အာရှနဲ့ လူနည်းစု ကျောင်းသားတွေ၊ ဝန်ထမ်းတွေ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပြီး ကောလိပ်အနေနဲ့ ၂၁ ရာစုမှာ အတိတ်အဖြစ်အပျက်တွေကို ထားခဲ့ပြီး မတူကွဲပြားမှုကို အလေးပေးမှု ပြသဖို့ ဖြစ်တယ်လို့ ကောလိပ် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ရိုဒတ်စ်ရဲ့ ရုပ်တုကို ဘယ်အချိန် ဖယ်ရှားမယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။

တောငအြာဖရိကမှာ ဗှိတိနြ ကိုလိုနီသမားတှဟော ၁၉ ရာစုအတှငြးက ရှှနေဲ့ စိနတြှကေို ဒသခေံ လုပသြားအငအြားတှအပေေါြ အနိုငပြှု အသုံးခပွှီး အမှတထြုတခြဲ့တယဆြိုတဲ့ စှပစြှဲခံရသူတှထေဲမှာ စဈစီ ရိုဒတဈြလညြး ပါဝငနြပေါတယြ။

____________________

____________________

အောကျဈဖို့ဒျ တက်ကသိုလျ၊ အိုရီယယျ ကောလိပျရှိ စဈစီ ရိုဒတျဈရဲ့ ရုပျတုကို ဖယျရှားမယျ

အောက်စ်ဖို့ဒ် တက္ကသိုလ်၊ အိုရီယယ် ကောလိပ်ရှိ ရုပ်တုဟာ နယ်ချဲ့ဝါဒနဲ့ လူမျိုးရေးခွဲခြားမှု သင်္ကေတ ဖြစ်တာကြောင့် ဖယ်ရှားပေးဖို့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ စုဝေးတောင်းဆိုမှု ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြတောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အိုရီယယ် ကောလိပ်ရှိ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း၊ တောင်အာဖရိကရှိ ကိပ်အငူကို ကိုလိုနီချဲ့ခဲ့သူ စစ်ဆီ ရိုဒတ်စ်ရဲ့ ရုပ်တုကို ဖယ်ရှားပေးဖို့ အောက်စ်ဖို့ဒ် တက္ကသိုလ်က မနေ့ ဇွန်လ ၁၇ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ကောလိပ် အုပ်ချုပ်ရေးအဖွဲ့က ရိုဒတ်စ်ရဲ့ ရုပ်တုကို ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် တက္ကသိုလ်က ပေးနေတဲ့ နိုင်ငံတကာ ကျောင်းသားတွေအတွက် ပညာသင်ဆု အပါအဝင် ရိုဒတ်စ်ရဲ့ နောက်ကြောင်းနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ရုပ်တုဖယ်ရှားပွဲကို လူမည်း၊ အာရှနဲ့ လူနည်းစု ကျောင်းသားတွေ၊ ဝန်ထမ်းတွေ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပြီး ကောလိပ်အနေနဲ့ ၂၁ ရာစုမှာ အတိတ်အဖြစ်အပျက်တွေကို ထားခဲ့ပြီး မတူကွဲပြားမှုကို အလေးပေးမှု ပြသဖို့ ဖြစ်တယ်လို့ ကောလိပ် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ရိုဒတ်စ်ရဲ့ ရုပ်တုကို ဘယ်အချိန် ဖယ်ရှားမယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။

တောင်အာဖရိကမှာ ဗြိတိန် ကိုလိုနီသမားတွေဟာ ၁၉ ရာစုအတွင်းက ရွှေနဲ့ စိန်တွေကို ဒေသခံ လုပ်သားအင်အားတွေအပေါ် အနိုင်ပြု အသုံးချပြီး အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲခံရသူတွေထဲမှာ စစ်စီ ရိုဒတ်စ်လည်း ပါဝင်နေပါတယ်။   

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)