အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ် ထိပ်တန်း သံတမန်တို့ ဟာဝိုင်အီမှာ တွေ့ဆုံ

0
370

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုနဲ့ တရုတ် ထိပ်တန်း သံတမန် ယန် ကျိချီတို့ဟာ ဇွန်လ ၁၇ ရက်နေ့က ဟာဝိုင်အီမှာ တွေ့ဆုံခဲ့ကြတယ်လို့ အမေရိကန်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံနှစ်ရဲ့ ဆက်ဆံရေး နက်ရှိုင်းစွာ ဆိုးရွားနေချိန်မှာပဲ အခုလို တွေ့ဆုံမှု ဖြစ်ပေါ်လာတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်မှု၊ ဟောင်ကောင်အပေါ် လုံခြုံရေးဥပဒေသစ် ချမှတ်ဖို့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ အခြေအတင် ဖြစ်နေကြတာပါ။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံစလုံးမှာ တင်းမာမှုတွေ ဖြစ်နေပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် အပေါ်မှာတော့ အမေရိကန်ရော တရုတ်ကပါ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

ဟာဝိုငအွီကှှနွးပေါကွ ဟိုနိုလူလူမှို့မှာ နှဈဖကဆွှေးနှေးပှဲကို မနကွ ၉ နာရီကနေ ညနေ ၃ နာခှဲအထိ ကငွှးပခဲ့တယလွို့ အမရေိကနွ အကှီးတနွး အရာရှိတဈဦးက ပှောပါတယွ။ အသေးစိတွ ဆှေးနှေးကှတာနဲ့ ပတသွကလွို့ နှဈဖကစွလုံးက ထုတပွှနခွှငွး မရှိကှသေးပါဘူး။

__________________

__________________

အမရေိကနြ နိုငငြံခှားရေး ဝနကြှီးနဲ့ တရုတြ ထိပတြနြး သံတမနတြို့ ဟာဝိုငအြီမှာ တှေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုနဲ့ တရုတ် ထိပ်တန်း သံတမန် ယန် ကျိချီတို့ဟာ ဇွန်လ ၁၇ ရက်နေ့က ဟာဝိုင်အီမှာ တွေ့ဆုံခဲ့ကြတယ်လို့ အမေရိကန်ဘက်က သတင်းထုတ်ပြန်ပါတယ်။ 

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံနှစ်ရဲ့ ဆက်ဆံရေး နက်ရှိုင်းစွာ ဆိုးရွားနေချိန်မှာပဲ အခုလို တွေ့ဆုံမှု ဖြစ်ပေါ်လာတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်မှု၊ ဟောင်ကောင်အပေါ် လုံခြုံရေးဥပဒေသစ် ချမှတ်ဖို့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ အခြေအတင် ဖြစ်နေကြတာပါ။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံစလုံးမှာ တင်းမာမှုတွေ ဖြစ်နေပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် အပေါ်မှာတော့ အမေရိကန်ရော တရုတ်ကပါ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

ဟာဝိုင်အီကျွန်းပေါ်က ဟိုနိုလူလူမြို့မှာ နှစ်ဖက်ဆွေးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာခွဲအထိ ကျင်းပခဲ့တယ်လို့ အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။ အသေးစိတ် ဆွေးနွေးကြတာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်း မရှိကြသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)