COVID-19 ရိုက်ခတ်မှုကြောင့် အင်ဒိုနီးရှား စီးပွားရေး နာလန်ထူဖို့ ဒေါ်လာ ၄၀ ဘီလီယံ လိုမယ်

0
248

COVID-19 ရောဂါ ဂယက်ရိုက်ခတ်မှုကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကျားကန်ဖို့ အင်ဒိုနီးရှားအစိုးရအနေနဲ့ အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံသုံးပြီး စီးပွားရေး နာလန်ထူအောင် လုပ်သင့်တယ်လို့ အင်ဒိုနီးရှား ကုန်သည်ကြီးများအဖွဲ့ (KADIN) က ပြောဆိုလိုက်ပါတယ်။

စီးပွားရေး နာလန်ထူရေး စီမံကိန်းအတွက် စီးပွားရေး လုပ်ငန်းတွေကို ပံ့ပိုးဖို့ လက်ရှိ ဘတ်ဂျက်ဟာ မလုံလောက်ကြောင်း၊ လုပ်ငန်းအများစုဟာ ဇွန်လအတွက် ထိန်းထားနိုင်ဖို့သာ ငွေကြေးရှိကြောင်း KADIN ရဲ့ ဒုတိယ ဥက္ကဋ္ဌ မစ္စ ရှီတာ ကမ်ဒါနီက အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို အနေနဲ့ စီးပွားရေး နာလန်ထူဖို့ အင်ဒိုနီးရှားရူပီး ၆၀၀ ထရီလီယံ (ဒေါ်လာ ၄၀ ဘီလီယံ)၊ လူမှုဖူလုံရေးအတွက် ရူပီး ၆၀၀ ထရီလီယံ၊ တခြား ကျန်းမာရေးလုပ်ငန်းတွေအတွက် ရူပီး ၄၀၀ ထရီလီယံ သုံးစွဲဖို့ တိုးမြှင့်သင့်တယ်လို့ မစ္စ ရှီတာက အကြံပြုပါတယ်။

KINDA ရဲ့ အချက်အလက်တွေအရ COVID-19 ရဲ့ ရိုက်ခတ်မှုကြောင့် ဒီနှစ် ပထမ လေးလပတ်မှာ အင်ဒိုနီးရှားရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ဟာ ၁၉ နှစ်အတွင်း ၂ ဒသမ ၉၇ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ အင်ဒိုနီးရှား အစိုးရကတော့ လာမယ့် ဇွန်လမှာ လူမှုဆိုင်ရာ တင်းကျပ်မှုတွေကို စတင်ဖြေလျှော့ဖို့ စီစဉ်နေပြီး စီးပွားရေး လုပ်ငန်းတွေ တဖြည်းဖြည်း ပြန်လည်ပတ်ဖို့ ခွင့်ပြုထားပါတယ်။

_______________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)