ဆိုက်ဘာ တိုက်ခိုက်သူတွေရဲ့ ဒုတိယပစ်မှတ်က မိုဘိုင်းဖုန်း အင်တာနက်တွေ ဖြစ်လာနိုင်

0
395

မကြာသေးတဲ့  ရက်ပိုင်းအတွင်း  ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်က ကွန်ပျူတာအလုံးပေါင်း  ၃ သိန်းကျော် ဆိုက်ဘာ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီအတွက်ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ အာဏာပိုင်တွေလည်း အဲ့ဒီ ဆိုက်ဘာတိုက်ခိုက်မှုအတွက်  အလုပ်ရှုပ်နေခဲ့ပြီး  နောက်ထပ်  ဒုတိယ ပစ်မှတ်က မိုဘိုင်းဖုန်းတွေ ဖြစ်လာ နိုင်တယ်လို့   ABC သတင်းဌာနက သတိပေးပြောကြားလိုက်ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုဟာ မကြာတော့မဲ့ အချိန်အတွင်းမှာ သာမန်လူတွေအသုံးပြုတဲ့ မိုဘိုင်းဖုန်းတွေအထိတိုက်ခိုက်လာနိုင်တဲ့အတွက် မိုဘိုင်းအင်တာနက်ရဲ့ လုံခြုံမှုကို သတိထားဖို့ ပိုပြီးလိုအပ်လာပါတယ်။

အဲ့ဒီလို တစ်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်မှုမှာ သီးခြား လူမှုကွန်ရက်နဲ့ ဆာဗာတွေ သုံးနေတဲ့ တရုတ်လည်း ကျန်နေမှာ မဟုတ်ပါဘူး။ အဓိကအားဖြင့် တရုတ်နိုင်ငံက ရေနံကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ PetroChina ဟာလည်း ဆိုက်ဘာ တိုက်ခိုက်သူတွေရဲ့ မျက်စိကျစရာနေရာတစ်ခု ဖြစ်နေပါတယ်။

အမေရိကန်လုံခြုံရေး ကျွမ်းကျင်သူတွေကတော့  ဆိုက်ဘာတိုက်ခိုက်မှုဟာ Wannacry  လို တိုက်ခိုက်မှုမျိုးသာဆိုရင် မိမိရဲ့ အရေးကြီးတဲ့ ဒေတာဖိုင်တွေ ပြန်ရဖို့ ပိုက်ဆံပေးရုံမှအပ တခြားနည်းလမ်း မရှိသလောက်ပဲလို့ ပြောခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ဆိုက်ဘာ တိုက်ခိုက်သူတွေဟာ အစိုးရပိုင် ၀က်ဘ်ဆိုက်တွေ၊ နာမည်ကြီး ကုမ္ပဏီကြီးတွေနဲ့ တက္ကသိုလ်တွေကို အဓိကထား တိုက်ခိုက်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)