ပြင်သစ်ဝန်ကြီးအသစ် ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်

0
288

ပြင်သစ်သမ္မတ အီမန်နျူရယ်မာရွန်ရဲ့ ၀န်ကြီးအသစ်ထက်ဝက်မှာ အမျိုးသမီးတွေဖြစ်ကြောင်း သိရှိရပါတယ်။ ဒါဟာ သမ္မတမာရွန်အနေနဲ့ သူ့ရဲ့ ကတ်ဘိနက်အဖွဲ့အတွင်းမှာ လိင်ညီမျှမှုဖြစ်အောင် ရွေးချယ်ဆုံးဖြတ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ဝန်ကြီးနေရာ ၂၂ နေရာမှာ ၁၁ နေရာကို အမျိုးသမီးဝန်ကြီးတွေက နေရာယူထားတာကို တွေ့ရပါတယ်။ အဲဒီလို ခန့်အပ်ခဲ့မှုကြောင့် နိုင်ငံရေးကို ရှုပ်ထွေးအောင်လုပ်နေတယ်လို့ မာရွန်ကို ဝေဖန်မှုတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။

လာမယ့်ပါလီမန်ရွေးကောက်ပွဲမှာ သူ့ရဲ့ဝန်ကြီးအဖွဲ့က လွှမ်းမိုးနိုင်မယ်လို့လည်း သမ္မတမာရွန်က ယုံကြည်နေပါတယ်။ မာရွန် ၃၉ နှစ်ဟာ ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံးသမ္မတဖြစ်လာခဲ့သူပါ။

၁၉၅၈ ခုနှစ်မှာ ခေတ်သစ်ပြင်သစ်နိုင်ငံ ထူထောက်ခဲ့ပြီးနောက်ပိုင်း အစဉ်အလာအရ အနိုင်ရခဲ့တဲ့ပါတီနှစ်ခုက မဟုတ်တဲ့ သမ္မတတစ်ဦး ပြင်သစ်မှာ ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာဖြစ်လို့ ပြင်သစ်နိုင်ငံရေး လောကရဲ့ကြီးမားတဲ့အပြောင်းအလဲနိဒါန်းလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ပြင်သစ်သမိုင်းရဲ့စာမျက်နှာသစ်ကို ဖွင့်လှစ်ချင်ပါတယ်လို့ သမ္မတမာရွန်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မာရွန်ရဲ့အခုဝန်ကြီးခန့်အပ်မှုဟာ ပြင်သစ်သမိုင်းစာမျက်နှာ အပြောင်းအလဲကို ယူဆောင်ပေးဖို့ ဘယ် လောက်အတိုင်းအတာအထိ သက်ရောက်မှုဖြစ်စေမလဲဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)