သတိလစ်သွားတဲ့ မိခင်အတွက် ၅ နှစ်သားကလေးက အရေးပေါ်ကို ဖုန်းဆက်ခေါ်

0
395

 

အသက် ၃၀ အရွယ် ဂျင်မာ ဟားရစ် (Gemma Harris) ဟာ လှေကားပေါ်က ပြုတ်ကျပြီး သတိလစ်သွားချိန်မှာ သားငယ်ဖြစ်သူ အယ်လ်ဖီ (၅ နှစ်) နဲ့ အိမ်ထဲမှာ နှစ်ဦးတည်း ရှိနေချိန် ဖြစ်ပါတယ်။

ဒါပေမယ့် ဖိုင်းယားမန်း ဆမ် (Fireman Sam) ဆိုတဲ့ တီဗီအစီအစဉ်ကနေ အရေးပေါ် 999 ကို ဘယ်လို ခေါ်ရမယ်ဆိုတာ ကြည့်ဖူးထားတဲ့ အယ်လ်ဖီက သူ့မိခင်ရဲ့ အသက်ကို ကယ်လိုက်နိုင်ပြီး ဟီးရိုးဖြစ်သွားပါတယ်။

ဂျင်မာ ဟားရစ်ဟာ အထစ် ၁၄ ထစ်ရှိတဲ့ လှေကားပေါ်ကနေ ခြေချော်ကျပြီး ခေါင်းဆောင့်မိကာ သတိလစ်သွားတာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လင်ကွန်းရှိုင်းယားရှိ မိသားစု နေအိမ်ကနေ အယ်လ်ဖီဟာ တည်ငြိမ်စွာနဲ့ 999 ကို ဖုန်းဆက်ပြီး လူနာတင်ကားကို ခေါ်လိုက်ပါတယ်။

အယ်လ်ဖီဟာ သူ့မိခင်ကို ကယ်လိုက်နိုင်တယ် ဆိုတာကို နားမလည်သေးပါဘူး၊ ခပ်အေးအေးပါပဲ၊ ဒါပေမယ့် သူက စူပါဟီးရိုးပါလို့ ဂျင်မာ ဟားရစ်က ပြောပါတယ်။

လှေကားပေါ်က ပြုတ်ကျချိန်မှာ ဂျင်မာဟာ လှုပ်လို့ မရတော့ပါဘူး။ ဒါပေမယ့် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေချိန်မှာ အယ်လ်ဖီဟာ ဖုန်းခေါ်သံကြားရပြီး ‘မေမေ လမ်းမလျှောက်တော့ဘူး၊ မလှုပ်တော့ဘူး’ လို့ ပြောနေပါတယ်။ ပြီးတော့ အယ်လ်ဖီက အော်ပရေတာဆီ လိပ်စာပေးလိုက်ပြီး အိမ်ပြင်ထွက်ကာ စောင့်နေပါတယ်။

ဂျင်မာ သတိရလာတဲ့အချိန်မှာ သူဟာ ဆေးရုံ ရောက်နေပါပြီ။ အယ်လ်ဖီရဲ့ မွေးစားအဖေ ရော်ဘီလည်း ရောက်နေပြီ ဖြစ်ပါတယ်။

အယ်လ်ဖီကတော့ သူလိုက်တဲ့ အလုပ်ဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာကိုတော့ နားမလည်ရှာသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)