မလေးရှား မှာ တရားမဝင်လုပ်သားတွေဖမ်းဆီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါဝင်

0
285

မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့ရဲ့  အိုင်တီရှော့ပင်းမော  Lowyat ပလဇာမှာ လဝက ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်ပါဝင်တဲ့ အထူးဖမ်းဆီးရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး တရားမ၀င်  နိုင်ငံခြားသားလုပ်သား ၁၂၅ ဦးဖမ်းဆီးခဲ့ကြောင်း မလေးရှား လဝကက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့က အခုလို ဖမ်းဆီးခဲ့တာဖြစ်ပြီး  အလုပ်သမား ၁၂၅ ယောက် ထဲမှာ  မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံ ၈ နိုင်ငံက တရားမဝင်လုပ်သားတွေ ပါဝင်ပြီး အမျိုးသမီး ၁၀ ယောက်ပါဝင်ပါတယ်။

အခုဖမ်းဆီးမှုကို  မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဒါတွတ်စရီဟာဂျီမတ်စတာဖာ ကိုယ်တိုင်ပါဝင် ဦးဆောင်ခဲ့ပြီး မလေးရှားနိုင်ငံတွင်းက တရားမဝင်လုပ်သားများကို နေ့စဉ် ဖမ်းဆီးနေတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ  ၂၀၁၇ တစ်နှစ်အတွင်း တရားမဝင်နေထိုင်သူပေါင်း ၁၇၉၀၀ ကျော်ဖမ်းဆီးခဲ့ကြောင်း တစ်နိုင်ငံလုံးပမာဏ ဖြင့်အကြိမ်ရေ ၅၀၀၀ ကျော်ဆောင်ရွက်ခဲ့တယ်လို့ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)