ဆေးဝါးမလုံလောက်မှု ဗင်နီဇွဲလား ဆရာဝန်တွေ ဆန္ဒပြ

0
371

ဆေးကုသဖို့ ဆေးဝါးမလုံလောက်တဲ့ အခြေအနေကြောင့် ဗင်နီဇွဲလားနိုင်ငံက ဆရာဝန်ထောင်ပေါင်းများစွာ စုပေါင်းပြီး မေလ ၁၇ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ဆေးဝါးပြတ်လတ်မှုဒဏ်ကိုခံစားနေရပါတယ်။ အဲ့ဒီအတွက် နိုင်ငံအတွင်းက ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးအတော်များများလည်း သေဆုံးခဲ့ကြပါပြီ၊ ကျွန်တော်တို့မှာ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းမရှိပါဘူး။

ဆေးဝါး ၈၅ ရာခိုင်နှုန်း ပြတ်လတ်နေပြီး သန်းနဲ့ချီတဲ့ လူတွေဟာ အစားအစာရှားပါမှုနဲ့ ငွေကြေး ဖောင်းပွမှု တွေကြား ရုန်းကန်နေရတယ်လို့ ဆန္ဒပြဆရာဝန်တစ်ဦးကပြောပါတယ်။ ဗင်နီဇွဲလားသံအမတ် ကတော့ ကုလသမဂ္ဂကို အခုလိုပြောပါတယ်။

ဒါကပြည်တွင်းပြသနာတစ်ခုပါ ။ ဒီကိစ္စအတွက် ကျွန်တော်ကိုဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကူညီဖို့ နည်းလမ်းတွေလည်းရှိပါတယ်။ဒါဟာ ပြည်တွင်းပြသနာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကိုယ်တိုင်ဖြေရှင်းမယ်လို့ ပြောခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာအကြပ်အတည်းပိုမိုဆိုးဝါးလာခဲ့တဲ့ အပေါ် အစိုးရဘက်က တိတ်ဆိတ်နေခဲ့တာ ၂ နှစ်နီးပါး ရှိနေခဲ့ပါပြီ။

အဲ့ဒီလိုဆေးဝါးမလုံလောက်မှုကြာင့် ၂၀၁၆ ခုနှစ်အတွင်း မွေးကင်းစကလေး ၃၀ ရာခိုင်နှုန်းနီးပါး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၆၅ ရာခိုင်နှုန်း ကျော်သေဆုံးခဲ့ကာ ငှက်ဖျားရောဂါကြောင့် ၇၆ ရာခိုင်နှုန်းနီး ပါး သေဆုံးခဲ့မှုတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)