သြစတြေးလျမှာ အီရန် ဒုက္ခသည် အတုအယောင် ၆ ထောင် ရှိ

0
267

ပြီးခဲ့တဲ့ ၁၇ နှစ်တာအတွင်း အီရန်နိုင်ငံဖွား ဒုက္ခသည် အတုအယောင် ၆ ထောင်ကျော်ကို သြစတြေးလျ ဗီဇာတွေ ထုတ်ပေးခဲ့တယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောဆိုလိုက်ပါတယ်။

အီရန်ကနေ သြစတြေးလျကို လာလိုသူတွေဟာ သြစတြေးလျရဲ့ လူဝင်မှု ကြီးကြပ်ရေး အားနည်းချက်တွေကို ဘယ်လို အသုံးချရမယ်ဆိုတာကို သိကြတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူ ဆိုင်းရပ်စ် ဆာရန် (Cyrous Sarang) က ပြောပါတယ်။

သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေးက ဗီဇာရရှိအောင် လိမ်လည်သူ အီရန် ၆ ဦး ကိစ္စကို ဖော်ထုတ်ပြီးနောက် ဒီလို ပြောဆိုတာ ဖြစ်ပါတယ်။

ဒီ အီရန် ဒုက္ခသည် ဆိုသူတွေဟာ ဘယ်လို လိမ်လည် လှည့်ဖြားရမယ်ဆိုတာ ကောင်းကောင်းသိကြတယ်၊ တကယ့် ဒုက္ခသည် အစစ် မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတစ်ခုမှာ ဆိုင်းရပ်စ် ဆာရန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)