ဂျပန် ဘုရင့်မြေး အရပ်သားကို လက်ထပ်လို့ တော်ဝင်မိသားစုကို စွန့်ခွာရ

0
253

ဂျပန်တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်တဲ့ မင်းသမီးမာကိုဟာ အရပ်သားကို လက်ထပ်ယူတာကြောင့် ဘုရင့်မိသား စုဝင်အဖြစ်ကနေ စွန့်လွှတ်ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မင်းသမီးမာကို ၂၅ နှစ်ဟာ ဘုရင်ကြီးအာကီဟီတိုရဲ့ အကြီးဆုံးမြေးဖြစ်ပြီး ကျောင်းအတူတက်စဉ်က တွေ့ဆုံချစ် ကြိုတ်ခဲ့တဲ့ ဥပဒေ၀န်ဆောင်မှု ကုမ္ပဏီက၀န်ထမ်းဖြစ်သူ ကိုင်းကိုမှုရို ၂၅ နှစ်နဲ့ လက်ထပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဂျပန်ဘုရင့်ဥပဒေအရ အရပ်သားတစ်ဦးကို လက်ထပ်တဲ့မင်းသမီးဟာ တော်ဝင်မိသားစုဝင်အဖြစ်ကနေ စွန့် လွှတ်ရဖြစ်ပါတယ်။

အဆိုပါသတင်းကို ဂျပန်ဒေသခံမီဒီယာတွေက ပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီး ဒီသတင်းကြောင့် အရေအတွက် နည်းပါးလာနေတဲ့တော်ဝင်မိသားစုအရေးက ဆွေးနွေးငြင်းခုံစရာကိစ္စတစ်ခု ပြန်ဖြစ်လာဖို့ရှိနေပါတယ်။

မင်းသမီးမာကိုနဲ့ ကိုင်းကိုမှုရိုတို့ဟာ ၂၀၁၂ခုနှစ်မှာ တိုကျိုမြို့ရှိ နိုင်ငံတကာခရစ္စယာန်ကောလိပ်မှာ ပညာအတူ သင်ယူရင်း တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ကိုင်းကိုမှုရိုဟာ တချိန်က ဂျပန်ခရီးသွားလုပ်ငန်းကို မြှင့်တင်သူအဖြစ်လည်း လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါတယ်။

သူတို့နှစ်ဦးရဲ့စေ့စပ်ကြောင်းလမ်းမှုအစီအစဉ်ကို မေလ ၁၇ ရက်နေ့ကမေးမြန်းရာမှာ ကိုင်းကိုမှုရိုက လက်ရှိအချိန်မှာ ဖြေကြားဖို့ သင့်လျော်တဲ့အချိန်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းသမီးရဲ့စေ့စပ်ပွဲကို စီစဉ်နေကြောင်း ဘုရင့်အိမ်တော်က အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်ဘုရင်ကြီး အာကီဟီတိုက သူ့အနေနဲ့ အသက်ကြီးလွန်းပြီဖြစ်တာကြောင့် ဘုရင် တစ်ပါးရဲ့တာဝန်ဝတ္တရားတွေကို ဆက်ပြီးထမ်းဆောင်ဖို့ မလွယ်ကြောင်းနဲ့ ထီးနန်းကို စွန့်ချင်ပြီဖြစ်ကြောင်း ပြီးခဲ့ တဲ့ သြဂုတ်လအတွင်းက အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)