ဥရောပကနေ အမေရိကန် လေကြောင်း ခရီးစဉ်တွေမှာ လက်ပ်တော့ သယ်ဆောင်မှု ပိတ်ပင်တော့မှာ မဟုတ်

0
302

ဥရောပကနေ အမေရိကန်ကို လာရောက်မယ့် လေကြောင်းခရီးစဉ်တွေမှာ လက်ပ်တော့နဲ့ တက်ဘလက်တွေ ကိုယ်နဲ့ တပါတည်း သယ်ဆောင်မှုကို အမေရိကန်က ပိတ်ပင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ ပိတ်ပင်တော့မှာ မဟုတ်တော့ပါဘူး။

ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ အမေရိကန် ပြည်ထဲရေးက တာဝန်ရှိသူတွေနဲ့ ဥရောပ သမဂ္ဂအကြား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းတွေက အဲဒီလို ပိတ်ပင်မယ့် ကိစ္စကို အပြင်းအထန် ကန့်ကွက်တဲ့ စာတစ်စောင်ကို ပေးပို့ပြီးနောက် ဆွေးနွေးမှုတွေ ဆက်လုပ်ကြဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေ မျှဝေဖို့ သဘောတူခဲ့ကြပြီး မပိတ်ပင်တော့ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)