အင်ဒိုနီးရှား လိင်တူချစ်သူနှစ်ဦး ကြိမ်ဒဏ် ၈၅ ချက် ချမှတ်ခံရ

0
284

အင်ဒိုနီးရှားနိုင်ငံ၊ အာဆက်ပြည်နယ်ရှိ ဘာသာရေးတရားရုံးတစ်ခုက လိင်တူဆက်ဆံမှုနဲ့ အများပြည်သူရှေ့မှာ ကြိမ်ဒဏ်ပေးဖို့ အမျိုးသားနှစ်ဦးကို ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အာဆက်ပြည်နယ်ရဲ့ တင်းမာတဲ့ဘာသာရေးဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ထင်ရှားတာကြောင့် အဆိုပါလူနှစ် ဦးကို ကြိမ်ဒဏ် ၈၅ ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အသက်၂၀ နဲ့ ၂၃ နှစ်အရွယ် အမျိုးသားနှစ်ဦးဟာ ပြစ်မှုကျုးလွန်ခဲ့ကြောင်းစွဲချက်နဲ့ ပြီးခဲ့တဲ့မတ်လက အာဏာပိုင်တွေ ဖမ်းဆီးတာကို
ခံခဲ့ရတာဖြစ်ပါတယ်။ မွတ်စလင်အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူဆက်ဆံမှုက တရားမ၀င် သတ်မှတ်ခံထားရပါတယ်။

အခုအမှုဟာ ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်မှုဖြစ်ပြီး အာဆက်ပြည်နယ်ဟာ ရှရီယာဥပဒေကို ပြင်းပြင်းထန်ထန် ကျင့်သုံးတဲ့ ဒေသဖြစ်ပါတယ်။
ပြစ်ဒဏ်ချမှတ်မှုကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

အမြင့်ဆုံးပြစ်ဒဏ် အချက် ၁၀၀ မချမှတ်ခဲ့ပေမယ့်လည်း တရားသူကြီးတွေဟာ တရားစွဲဆိုသူတွေ တောင်းဆိုတဲ့ ကြိမ်ဒဏ်အချက် ၈၀ ကိုကျော်လွန်ပြီး ၈၅ ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။

ယခင်က အများပြည်သူရှေ့မှာ ကြိမ်ဒဏ်ပေးမှုကို အရက်သောက်သုံးမှုနဲ့ လောင်းကစားပြုလုပ်မှုအတွက်ပဲ ပေးခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်နှစ်တွေအတွင်းမှာ အာဆက်ပြည်နယ်ဟာ ပိုပြီးရှေးရိုးစွဲဆန်လာတာကို တွေ့ရပါတယ်။ လိင်တူ ဆက်ဆံမှုနဲ့ပတ်သက်တဲ့ ပုဒ်မကို ၂၀၁၄ ခုနှစ်မှာ စတင်အတည်ပြုပြီး နောက်နှစ်မှာ စတင်အသက်ဝင်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)