ယီမင်နိုင်ငံက ဆိပ်ကမ်းတစ်ခုနားမှာ ဆိုမာလီဒုက္ခသည် အယောက် ၄၀ သတ်ဖြတ်ခံရ

0
303

ဆိုမာလီ ဒုက္ခသည်တွေကိုတင်ဆောင်လာတဲ့ စက်လှေတစ်စီးဟာ ယီမင်နိုင်ငံ ၊ ဟိုဒီဒါ ဆိပ်ကမ်းအနီးမှာ မတ်လ ၁၇ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လှေပေါ်မှာပါလာတဲ့ ဆိုမာလီဒုက္ခသည်အနည်းဆုံး အယောက် ၄၀ သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်ခံခဲ့ရတဲ့စက်လှေပေါ်မှာ ခန့်မှန်းခြေလူပေါင်း၁၄၀၀န်းကျင်လောက်လိုက်ပါလာခဲ့ကြတယ်လို့ ကုလသမဂ္ဂရဲ့ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးကဆိုပါတယ်။

ဆိုမာလီယာဒုက္ခသည်တွေကိုတင်ဆောင်လာတဲ့ အဲဒီသင်္ဘော ဟာ သူပုန်တွေ သိမ်းပိုက်ထားတဲ့ဟိုဒီဒါ ဆိပ်ကမ်းကို ဆိုက်ကပ်ဖို့လာနေစဉ်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာဘယ်လိုအဖွဲ့အစည်းတွေရှိနေလဲဆိုတာကိုအခုချိန်ထိမသိရှိရသေးဘူးလို့တာဝန်ရှိသူတွေကဆိုပါတယ်ကုလသမဂ္ဂ ရဲ့စာရင်းဇယားတွေအရ ယီမင်နိုင်ငံမှာ ဆိုမာလီယာနိုင်ငံကဒုက္ခသည်ပေါင်း ၂၅၅၀၀၀ကျော် ခိုလှုံနေတယ်လို့ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)