ဗင်းနစ်မြို့မှာ ပစ်မှတ်ထားတဲ့ဈေးဆိုင်ကို သူခိုးတွေက မီးခိုးဗုံးဖောက်ပြီး ဖုံးကွယ်

0
313
 အဖိုးတန်လက်ဝတ်ရတနာစတိုးဆိုင်ကို ပစ်မှတ်ထားပြီး ဗင်းနစ်မြို့ရှိ စိန့်မတ်ခ်ရင်ပြင်မှာ သူခိုးတွေက မီးခိုးဗုံးနှစ်လုံးဖောက်ခွဲခဲ့ ကြကြောင်း သိရှိရပါတယ်။
မီးလောင်ကျွမ်းမှု ဒါမှမဟုတ် တိုက်ခိုက်မှုတစ်ခုဖြစ်မယ်လို့ သံသယရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဈေးဆိုင် ၀န်ထမ်း တွေ တုန်လှုပ်ခြောက်ခြားခဲ့ကြရကြောင်း လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။
လမ်းဘေးမှာဖွင့်တဲ့ကော်ဖီဆိုင်တစ်ဆိုင်က မျက်မြင်သက်သေတစ်ဦးက ရဲတပ်ဖွဲ့ကို အဆိုပါပေါက်ကွဲမှုအကြောင်း သတင်းပေးပို့ ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူခိုးတွေက လူအုပ်စုကြားထဲမှာ ပျောက်ကွယ်သွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က မဖမ်းဆီးနိုင်ခဲ့ပါဘူး။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)