ကေပေါ့ပ်အဖွဲ့ရဲ့ ပလပ်စတစ်ဆာဂျီရီခွဲစိတ်မှု ဗွီဒီယိုဖိုင်ထွက်ပေါ်

0
315

နာမည်ကျော် တောင်ကိုရီယားကေပေါ့ပ်ဂီတအဖွဲ့က သူတို့ရဲ့ရုပ်ရည်ခွဲစိတ်ပြုပြင်မှုအစီအစဉ် ဗွီဒီယိုဖိုင်တစ်ခုကို ထုတ်ဖော်ခဲ့ပါ တယ်။

ဂီတ၀ိုင်းအဖွဲ့ဝင် အမျိုးသမီးလေးဦးဟာ မျက်နှာခွဲစိတ်ပြုပြင်မှု၊ ရင်သားပြုပြင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း အဖွဲ့မန်နေဂျာ ကင် အီဝူးလ်က ပြောပါတယ်

အဆိုပါဗွီဒီယိုဖိုင်ထွက်ပေါ်လာမှုကြောင့် တောင်ကိုရီးယားနိုင်ငံမှာ အလှတရားအကြောင်း မေးခွန်း ထုတ် စရာဖြစ်ခဲ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးပလပ်စတစ် ဆာဂျီရီဈေးကွက်ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၂၀ကျော် ၃၀နီးပါးအမျိုးသမီးထုရဲ့ ၆၀ရာခိုင်နူန်းဟာ ပလက်စတစ်ဆာဂျီရီခွဲစိတ်မှုပြုလုပ်လေ့ ရှိကြောင်း စစ်တမ်းတစ်ခုအရ သိရှိရပါတယ်။ ကေပေါ့ပ်အဖွဲ့က အဆိုပါဗွီဒီယိုကို နှစ်ပိုင်းခွဲပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အဖွဲ့ဝင်အမျိုးသမီးလေးဦးက ဆံပင်တွေ လက်သည်းတွေ ပြင်ဆင်ပြီး ပလပ်စတစ်ဆာဂျီရီခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနေကြတာကို ရိုက်ကူးဖော်ပြထားပါတယ်။ ဒုတိယပိုင်းမှာတော့ သူတို့ရဲ့မျက်နှာတွေ သိသိသာသာကြီးပြောင်းလဲသွားတာကို ရိုက်ကူးပြသခဲ့တာပါ။

ကေပေါ့ပ်အဖွဲ့ဟာ ပလက်ပတစ်ဆာဂျီရီလုပ်တာ အထူးအဆန်းမဟုတ်ပေမယ့် အဲဒီအကြောင်းကို အရင်က ပြောလေ့မရှိခဲ့ပါ ဘူး။ ကေပေါ့ပ်အဖွဲ့ရဲ့စီမံခန့်ခွဲမှုအဖွဲ့ရဲ့ဖော်ပြချက်အရ အဆိုပါခွဲစိတ်ပြုပြင်မှုအတွက် ၀မ်ငွေသန်း ၁၀၀ (၇၁၃၀၀ ပေါင်)ခန့်သုံးစွဲခဲ့ရ ကြောင်း သိရှိရပြီး ဒီခွဲစိတ်မှုပြုလုပ်ဖို့ အတင်းအကြပ်တွန်းအားပေးတာတွေ မရှိခဲ့ဘူးလို့ ဆိုထားပါတယ်။ အဆိုပါဗွီဒီယိုဖိုင်တွေ မတင်မီမှာ ကေပေါ့ပ်အဖွဲ့က သူတို့ရဲ့ဖေဘွတ်ခ်မှာ ဓါတ်ပုံတွေ အရင်တင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)