Covid-19 ဗိုင်းရပ်စ်ရောဂါ နောက်ဆုံးရ သတင်းများ (ဖေဖော်ဝါရီလ ၁၈)

0
206

-Covid-19 ဗိုင်းရပ်စ် ရောဂါကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီအထိ သေဆုံးသူ ၁၈၇၃ ဦး၊ ပြန်လည်သက်သာသူ ၁၂၈၈၇ ဦး၊ ကူးစက်သူ ၇၃၃၃၅ ဦး ရှိပါတယ်။

-ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ ပိတ်ရလို့ iPhone တွေ စျေးကွက်မှာ ပြတ်လပ်မယ်လို့ Apple ကုမ္ပဏီက ကြေညာထားပါတယ်။

-အပျော်စီး ဇိမ်ခံသင်္ဘော ဝက်စ်တာဒမ် ကနေ ထွက်သွားတဲ့ ခရီးသည်တွေကို ဗြိတိန်အစိုးရ လိုက်လံဆက်သွယ်နေပါတယ်။ ဝက်စ်တာဒမ် အပျော်စီး သင်္ဘောကို အာရှ ငါးနိုင်ငံက ဆိုက်ကပ်ဖို့ ခွင့်မပြုဘဲ ငြင်းပယ်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုက်ကပ်ခွင့်ရကာ ခရီးသည်တွေ မိခင်နိုင်ငံတွေကို ပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဝက်စ်တာဒမ် သင်္ဘောမှာ လိုက်ပါခဲ့တဲ့ ခရီးသည်အမျိုးသမီးကြီးတစ်ဦးမှာ Covid-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် နေအိမ်ပြန်ကုန်ကြတဲ့ ခရီသည်တွေကို သက်ဆိုင်ရာ အစိုးရတွေက လိုက်လံဆက်သွယ်နေရတာ ဖြစ်ပါတယ်။

-Corona ဗိုင်းရပ်စ် ကူးစက်နေသူတွေကို HIV ဆေးဝါးတွေနဲ့ စပ်သပ်ကုသဖို့ လုပ်ဆောင်နေတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ Covid-19 ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ ၅၂၀ ရှိပြီး အဲဒီအထဲက ၄၅၄ ဦးဟာ ယိုကိုဟားမားမှာ ဆိုက်ကပ်လာတဲ့ ဒိုင်းမွန်း ပရင့်ဆက်စ် အပျော်စီး ဇိမ်ခံသင်္ဘောပေါ်က ဖြစ်ပါတယ်။

-ဂျပန်နိုင်ငံ၊ ယိုကိုဟားမား ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဒိုင်းမွန်း ပရင့်ဆက်စ် အပျော်စီး ဇိမ်ခံသင်္ဘောပေါ်မှာ Covid-19 ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်သူ အရေအတွက် များလာပြီးနောက် သြစတြေးလျနဲ့ ဗြိတိန် အစိုးရတွေက သူတို့ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေကြပါတယ်။

-Corona ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကြောင့် ဂျပန်ဧကရာဇ်ဘုရင်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ကျရောက်မယ့် မွေးနေ့မှာ ပြည်သူလူထုကို နှုတ်ဆက်မယ့်အစီအစဉ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

-တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၊ ဝူဟန် ဝူချန် ဆေးရုံကြီးရဲ့ ညွှန်ကြားရေးမှူး မစ္စတာ လျူ ဇီမင်းကို ကြိုးစားကုသခဲ့ကြပေမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။ Corona ဗိုင်းရပ်စ် ရောဂါ ကာကွယ် တားဆီးကုသရေး ကြိုးပမ်းစဉ်အတွင်း ဒုတိယမြောက် ထင်ရှားတဲ့ ဆရာဝန်တစ်ဦး ထပ်မံ သေဆုံးရခြင်း ဖြစ်ပါတယ်။ Corona ဗိုင်းရပ်စ် စတင်ဖြစ်ပွားနေကြောင်း ပထမဆုံး ပြောဆိုခဲ့သူ လူငယ် ဆရာဝန် လီ ဝမ်လီယန်လည်း ဖေဖော်ဝါရီလ အစောပိုင်းက ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

-တရုတ်နိုင်ငံမှာ Corona ဗိုင်းရပ်စ် ရောဂါ ကုသပေးရင်း ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇၁၆ ဦး ရှိပြီး အဲဒီအထဲက ခြောက်ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

-ကာသေ့ ပစိဖိတ် လေကြောင်းလိုင်းက ကမ္ဘာအနှံ့ ပျံသန်းမှုတွေ လျှော့ချပြီးနောက် စင်ကာပူ လေကြောင်းလိုင်းကလည်း ကမ္ဘာအနှံ့ ပြေးဆွဲမှုတွေကို လာမယ့် မေလအထိ သုံးလကြာ ယာယီ ရပ်နားထားမယ်လို့ ကြေညာလိုက်ပါတယ်။

-Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပြန်လည် သက်သာလာကာ နေအိမ် ဒါမှမဟုတ် လုပ်ငန်းခွင့် ပြန်ဝင်တဲ့သူတွေကို ခြေရာခံနိုင်ပြီး အစိုးရကို အကူအညီပေးနိုင်မယ့် ကျန်းမာရေး စစ်ဆေးမှု အပလီကေးရှင်းကို တရုတ်နည်းပညာ ကုမ္ပဏီကြီး အလီဘာဘာက ဖန်တီးပေးလိုက်ပါတယ်။ QR ကုဒ်မှာ ထည့်ပြီး အချက်အလက် ထည့်သွင်းလိုက်ရင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို သတင်းပို့ပေးနေမှာ ဖြစ်ပါတယ်။

-Corona ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်ခဲ့တဲ့ တက်ကြွလှုပ်ရားသူ ရှူ ကျီယွန်ဟာ သီတင်းပတ် အနည်းငယ်ကြာ ဝရမ်းပြေး ဖြစ်ခဲ့ပြီးနောက် တရုတ်ရဲက ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

-Corona ဗိုင်းရပ်စ် ခေါ် Covid-19 ဗိုင်းရပ်စ်ရောဂါ ကုသရေး ဆေးသုတေသနအတွက် သြစတြေးလျ ဒေါ်လာ ၂ သန်း ရန်ပုံငွေ ထူထောင်ပေးမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကောက် မော်ရစ်ဆန်က ကြေညာလိုက်ပါတယ်။

-အေးခဲထားတဲ့ ဝက်သား၊ ကြက်သားနဲ့ အမဲသားတွေပါတဲ့ ကွန်တိန်နာ ထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းကြီးတွေမှာ တောင်လိုပုံနေပြီး သယ်ယူပို့ဆောင်ရေး အလုပ်မလုပ်နိုင်မှု၊ အလုပ်သမား မရှိမှုတွေကြောင့် အဲဒီလို စုပုံနေတာလို့ ဆိပ်ကမ်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

-အမရေိကနကြ တငသြှငြးမယ့ြ ကုနပြဈစညြး အမွိုးအမညပြေါငြး ၇၀၀ နီးပါးကို အခှနကြငြးလှတခြှင့ြ ပေးမယလြို့ တရုတအြစိုးရက ကှညောပါတယြ။ Covid-19 ဗိုငြးရပဈြကှောင့ြ တရုတနြိုငငြံမှာ ကုနပြဈစညြးတှေ ပှတလြပနြတောဖှဈပှီး အခှနကြငြးလှတခြှင့ြ ပှုမယ့ြ ကုနပြဈစညြးတှထေဲမှာ လယယြာထှကကြုနနြဲ့ စှမြးအငဆြိုငရြာ ကုနပြဈစညြးတှေ ပါဝငပြါတယြ။

Covid-19 ဗိုငျးရပျဈရောဂါ နောကျဆုံးရ သတငျးမြား (ဖဖေောျဝါရီလ ၁၈)

-Covid-19 ဗိုင်းရပ်စ် ရောဂါကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီအထိ သေဆုံးသူ ၁၈၇၃ ဦး၊ ပြန်လည်သက်သာသူ ၁၂၈၈၇ ဦး၊ ကူးစက်သူ ၇၃၃၃၅ ဦး ရှိပါတယ်။

-ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ ပိတ်ရလို့ iPhone တွေ ဈေးကွက်မှာ ပြတ်လပ်မယ်လို့ Apple ကုမ္ပဏီက ကြေညာထားပါတယ်။

-အပျော်စီး ဇိမ်ခံသင်္ဘော ဝက်စ်တာဒမ် ကနေ ထွက်သွားတဲ့ ခရီးသည်တွေကို ဗြိတိန်အစိုးရ လိုက်လံဆက်သွယ်နေပါတယ်။ ဝက်စ်တာဒမ် အပျော်စီး သင်္ဘောကို အာရှ ငါးနိုင်ငံက ဆိုက်ကပ်ဖို့ ခွင့်မပြုဘဲ ငြင်းပယ်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုက်ကပ်ခွင့်ရကာ ခရီးသည်တွေ မိခင်နိုင်ငံတွေကို ပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဝက်စ်တာဒမ် သင်္ဘောမှာ လိုက်ပါခဲ့တဲ့ ခရီးသည်အမျိုးသမီးကြီးတစ်ဦးမှာ Covid-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် နေအိမ်ပြန်ကုန်ကြတဲ့ ခရီသည်တွေကို သက်ဆိုင်ရာ အစိုးရတွေက လိုက်လံဆက်သွယ်နေရတာ ဖြစ်ပါတယ်။

-Corona ဗိုင်းရပ်စ် ကူးစက်နေသူတွေကို HIV ဆေးဝါးတွေနဲ့ စပ်သပ်ကုသဖို့ လုပ်ဆောင်နေတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ Covid-19 ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ ၅၂၀ ရှိပြီး အဲဒီအထဲက ၄၅၄ ဦးဟာ ယိုကိုဟားမားမှာ ဆိုက်ကပ်လာတဲ့ ဒိုင်းမွန်း ပရင့်ဆက်စ် အပျော်စီး ဇိမ်ခံသင်္ဘောပေါ်က ဖြစ်ပါတယ်။

-ဂျပန်နိုင်ငံ၊ ယိုကိုဟားမား ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဒိုင်းမွန်း ပရင့်ဆက်စ် အပျော်စီး ဇိမ်ခံသင်္ဘောပေါ်မှာ Covid-19 ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်သူ အရေအတွက် များလာပြီးနောက် သြစတြေးလျနဲ့ ဗြိတိန် အစိုးရတွေက သူတို့ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေကြပါတယ်။

-Corona ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကြောင့် ဂျပန်ဧကရာဇ်ဘုရင်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ကျရောက်မယ့် မွေးနေ့မှာ ပြည်သူလူထုကို နှုတ်ဆက်မယ့်အစီအစဉ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

-တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၊ ဝူဟန် ဝူချန် ဆေးရုံကြီးရဲ့ ညွှန်ကြားရေးမှူး မစ္စတာ လျူ ဇီမင်းကို ကြိုးစားကုသခဲ့ကြပေမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။ Corona ဗိုင်းရပ်စ် ရောဂါ ကာကွယ် တားဆီးကုသရေး ကြိုးပမ်းစဉ်အတွင်း ဒုတိယမြောက် ထင်ရှားတဲ့ ဆရာဝန်တစ်ဦး ထပ်မံ သေဆုံးရခြင်း ဖြစ်ပါတယ်။ Corona ဗိုင်းရပ်စ် စတင်ဖြစ်ပွားနေကြောင်း ပထမဆုံး ပြောဆိုခဲ့သူ လူငယ် ဆရာဝန် လီ ဝမ်လီယန်လည်း ဖေဖော်ဝါရီလ အစောပိုင်းက ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

-တရုတ်နိုင်ငံမှာ Corona ဗိုင်းရပ်စ် ရောဂါ ကုသပေးရင်း ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇၁၆ ဦး ရှိပြီး အဲဒီအထဲက ခြောက်ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

-ကာသေ့ ပစိဖိတ် လေကြောင်းလိုင်းက ကမ္ဘာအနှံ့ ပျံသန်းမှုတွေ လျှော့ချပြီးနောက် စင်ကာပူ လေကြောင်းလိုင်းကလည်း ကမ္ဘာအနှံ့ ပြေးဆွဲမှုတွေကို လာမယ့် မေလအထိ သုံးလကြာ ယာယီ ရပ်နားထားမယ်လို့ ကြေညာလိုက်ပါတယ်။

-Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပြန်လည် သက်သာလာကာ နေအိမ် ဒါမှမဟုတ် လုပ်ငန်းခွင့် ပြန်ဝင်တဲ့သူတွေကို ခြေရာခံနိုင်ပြီး အစိုးရကို အကူအညီပေးနိုင်မယ့် ကျန်းမာရေး စစ်ဆေးမှု အပလီကေးရှင်းကို တရုတ်နည်းပညာ ကုမ္ပဏီကြီး အလီဘာဘာက ဖန်တီးပေးလိုက်ပါတယ်။ QR ကုဒ်မှာ ထည့်ပြီး အချက်အလက် ထည့်သွင်းလိုက်ရင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို သတင်းပို့ပေးနေမှာ ဖြစ်ပါတယ်။

-Corona ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်ခဲ့တဲ့ တက်ကြွလှုပ်ရားသူ ရှူ ကျီယွန်ဟာ သီတင်းပတ် အနည်းငယ်ကြာ ဝရမ်းပြေး ဖြစ်ခဲ့ပြီးနောက် တရုတ်ရဲက ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။ 

-Corona ဗိုင်းရပ်စ် ခေါ် Covid-19 ဗိုင်းရပ်စ်ရောဂါ ကုသရေး ဆေးသုတေသနအတွက် သြစတြေးလျ ဒေါ်လာ ၂ သန်း ရန်ပုံငွေ ထူထောင်ပေးမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကောက် မော်ရစ်ဆန်က ကြေညာလိုက်ပါတယ်။

– အေးခဲထားတဲ့ ဝက်သား၊ ကြက်သားနဲ့ အမဲသားတွေပါတဲ့ ကွန်တိန်နာ ထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းကြီးတွေမှာ တောင်လိုပုံနေပြီး သယ်ယူပို့ဆောင်ရေး အလုပ်မလုပ်နိုင်မှု၊ အလုပ်သမား မရှိမှုတွေကြောင့် အဲဒီလို စုပုံနေတာလို့ ဆိပ်ကမ်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

-အမေရိကန်က တင်သွင်းမယ့် ကုန်ပစ္စည်း အမျိုးအမည်ပေါင်း ၇၀၀ နီးပါးကို အခွန်ကင်းလွတ်ခွင့် ပေးမယ်လို့ တရုတ်အစိုးရက ကြေညာပါတယ်။ Covid-19 ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ ကုန်ပစ္စည်းတွေ ပြတ်လပ်နေတာဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် ပြုမယ့် ကုန်ပစ္စည်းတွေထဲမှာ လယ်ယာထွက်ကုန်နဲ့ စွမ်းအင်ဆိုင်ရာ ကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)