စင်ကာပူနိုင်ငံမှာ အိမ်ထောင်သည် အမျိုးသားတစ်ဦးဟာ ရာနဲ့ချီတဲ့ အမျိုးသမီးတွေရဲ့ ခါးအောက်ပိုင်း ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးခဲ့တဲ့အတွက် စွဲချက်တင်ခံထားရပါတယ်။
ဓာတ်ပုံ၊ ဗီဒီယိုဖိုင် ရိုက်ကူးခံရတဲ့ အမျိုးသမီးတွေထဲမှာ ဓာတ်ပုံရိုက်သူ အမျိုးသားရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ဘုရားကျောင်း လုပ်ဖော်ကိုင်ဖော်တွေ ပါဝင်ခဲ့ပါတယ်။ အဲဒီ အိမ်ထောင်သည် အမျိုးသားဟာ အမျိုးသမီးတွေရဲ့ ခါးအောက်ပိုင်းနဲ့ လျှို့ဝှက်အပ်တဲ့နေရာတွေကို လျှို့ဝှက်ကင်မရာနဲ့ ၁၃ နှစ်ကြာ ရိုက်ကူးခဲ့တာဖြစ်ပြီး အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုအပါအဝင် စွဲချက် လေးခု တင်ထားခံရပါတယ်။

စင်ကာပူမှာ ရာနဲ့ချီတဲ့ အမျိုးသမီးတွေရဲ့ ခါးအောက်ပိုင်းကို ဗီဒီယိုရိုက်ကူးသူ စွဲချက်တင်ခံရ
စင်ကာပူနိုင်ငံမှာ အိမ်ထောင်သည် အမျိုးသားတစ်ဦးဟာ ရာနဲ့ချီတဲ့ အမျိုးသမီးတွေရဲ့ ခါးအောက်ပိုင်း ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးခဲ့တဲ့အတွက် စွဲချက်တင်ခံထားရပါတယ်။
ဓာတ်ပုံ၊ ဗီဒီယိုဖိုင် ရိုက်ကူးခံရတဲ့ အမျိုးသမီးတွေထဲမှာ ဓာတ်ပုံရိုက်သူ အမျိုးသားရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ဘုရားကျောင်း လုပ်ဖော်ကိုင်ဖော်တွေ ပါဝင်ခဲ့ပါတယ်။ အဲဒီ အိမ်ထောင်သည် အမျိုးသားဟာ အမျိုးသမီးတွေရဲ့ ခါးအောက်ပိုင်းနဲ့ လျှို့ဝှက်အပ်တဲ့နေရာတွေကို လျှို့ဝှက်ကင်မရာနဲ့ ၁၃ နှစ်ကြာ ရိုက်ကူးခဲ့တာဖြစ်ပြီး အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုအပါအဝင် စွဲချက် လေးခု တင်ထားခံရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေက ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ပေးဖို့ တောင်းဆိုထားပါတယ်။ အဲဒီလူဟာ အမျိုးသမီးတွေကို အိမ်သာတွေမှာ လျှို့ဝှက်ကင်မရာ တပ်ဆင်ပြီးတော့ ရိုက်ကူးမှုအပြင် သူရဲ့ မိုလ်ဘိုင်းဖုန်းကို အသုံးပြုပြီးတော့လည်း ရိုက်ကူးတာတွေလုပ်ခဲ့ပါတယ်။