တရုတ်မှာ ကြက်ငှက်တုပ်ကွေး H7N9 ဗိုင်းရပ်စ်ကြောင့် လူ ၈၇ ဦး သေဆုံး

0
332

တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် လူ ၈၇ ဦး သေဆုံးခဲ့ပါတယ်။

ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ဇန်နဝါရီတစ်လတည်းမှာတင် ၇၉ ဦးရှိခဲ့ပြီး အဆိုးဆုံး ငှက်တုပ်ကွေးကူးစက်မှုဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီ H7N9 ဗိုင်းရပ်စ်ရဲ့ကူးစက်ပျံ့နှံ့မှု ကိုတားဆီးကာကွယ်ပေးဖို့အတွက် ကျန်းမာရေးကော်မရှင်က လုပ်ဆောင် နေပြီး ဈေးကွက်ထဲမှာလက်ရှိ ရှိနေတဲ့ ကြက်နဲ့ဘဲ တွေတင်ပို့မှုတွေကိုလည်းစောင့်ကြပ်စစ်ဆေး ဖို့ တောင်းဆိုနေပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြက်ဘဲတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ခုလို ငှက်တုပ်ကွေးပျံ့နှံ့မှုတွေကြောင့် ကြက်ဘဲဈေးနှုန်းတွေ အနိမ့်ဆုံးအခြေအနေထိ ကျဆင်းသွားခဲ့ပါတယ်။

အဲဒီဗိုင်းရပ်စ်ဟာ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကနေ တရုတ်နိုင်ငံထဲကို ကူးစက်ပျံ့နှံ့လာခဲ့တာဖြစ်ပြီး H7N9 ရဲ့ ကြောက်စရာအကောင်းဆုံးအချက်ကတော့ အဲဒီဗိုင်းရပ်စ်ဟာ တုပ်ကွေးရောဂါပိုးအသွင် ပြောင်းပြီး လူကို အလွယ်တကူကူးစက်နိုင်တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)