၈ ခုမြောက် တိုက်ကြီးဖြစ်လာနိုင်တဲ့ ကုန်းမြေ ပဖိတ်သမုဒ္ဒရာအောက်မှာ ရှာဖွေတွေ့ရှိ

0
346

သြစတြေးလျတိုက် အကျယ်အဝန်းရဲ့ သုံးပုံနှစ်ပုံလောက်ရှိတဲ့ ကမ္ဘာ့တိုက်ကြီးတစ်ခုကို ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက်ပိုင်းက ရေအောက်မှာ ရှာဖွေတွေ့ရှိထားတယ်လို့ သိပ္ပံပညာရှင်တွေက Geological Society of America ဂျာနယ်မှာ ရေးသားဖော်ပြလိုက်ပါတယ်။

တိုက်ကြီး ၇ တိုက်ရှိတဲ့ ကမ္ဘာမှာ ၈ ခုမြောက်တိုက်ကြီးဖြစ်လာနိုင်တဲ့ အဲဒီကုန်းမြေကြီးဟာ အကျယ် ၄.၅ စတုရန်းကီလိုမီတာ (၁.၇၄ သန်း စတုရန်းမိုင်)ရှိပြီး ၉၄ ရာခိုင်နှုန်းဟာ ရေအောက်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီကုန်းမြေထုကြီးရဲ့ အမြင့်ဆုံးအပိုင်းဟာ နယူးဇီလန်နိုင်ငံနဲ့ ပြင်သစ်ပိုင်နက်ဖြစ်တဲ့ နယူးကယ်ဒီဒိုးနီးယား ဒေသတွေရှိတဲ့ နေရာဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံ၊ ဒူနီဒင်မြို့က GNS Science သုတေသန အင်စတီကျုက ဘူမိဗေဒပညာရှင် နစ်ခ်မော်တီမာကတော့ အဲဒီနားတစ်ဝိုက်မှာရှိတဲ့ သမုဒ္ဒရာတွေနေတဲ့အတွက် အမေရိကန် ဘူမိဗေဒပညာရှင်တွေအတွက် ဆက်စပ်ယူဆရာမှာ အခက်အခဲရှိနေတာလို့ ဆိုပါတယ်။ တကယ်လို့သာ သမုဒ္ဒရာတွေရှိမနေခဲ့ဘူးဆိုရင် ဒီမှာ တောင်တန်းတွေနဲ့အတူ သမုဒ္ဒရာအပေါ်ယံမျက်နှာပြင်ကုန်းမြေပ်ါမှာ ကြီးပြီးကုန်းမြင့်တဲ့ တိုက်ကြီးတစ်တိုက်ရှိတယ်ဆို အားလုံးကို ရှင်းရှင်းလင်းလင်းပြောနိုင်ခဲ့မှာပါလို့လည်း သူက ဆိုပါတယ်။

အဲဒီတိုက်ဖြစ်လာနိုင်တဲ့ ကုန်းမြေကိုလက်ရှိမှာ ဇီလာဒီယာလို့ အမည်ပေးထားပြီး “ကမ္ဘာကြီး၏ ပုန်းကွယ်နေသော တိုက်ကြီး ဇီလန်ဒီယာ”ဆိုလည်း စာတမ်းဟာ မော်တီမာက ဦးဆောင်ပြုစု ရေးသားခဲ့သူပါ။ အဲဒီစာတမ်းထဲမှာတော့ ကာလအတန်ကြာ ဟုတ်နိုးနိုးထင်လာတဲ့အချက်တွေကို အခုအသစ်တွေ့ရှိချက်က အတည်ပြုပေးနိုင်တာလို့ ဖော်ပြထားပါတယ်။

“၁၉၂၀ နှစ်လွန်ကာလတွေကတည်းက ဘူမိဗေဒစာတမ်းတွေမှာ နယူးဇီလန်နိုင်ငံ၊ ချာတမ်ကျွန်းစုတွေနဲ့ နယူးကယ်လီဒိုးနီးယားဒေသ ရဲ့ အစိတ်အပိုင်းတော်တော်များနဲ့ပတ်သက်ရင် “တိုက်ကြီးတစ်ခုရဲ့ လက္ခဏာဆန်တယ်”ဆိုတဲ့ ဖော်ပြချက်ကို သုံးလာတာပါ။ အခု ဘာပြောင်းလဲသွားလဲဆိုတော့ အဲဒီ ဆန်တယ်ဆိုတဲ့စကားအစား တိုက်ကြီးတစ်ခုဖြစ်တယ်လို့ ပြောင်းဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရလာခဲ့တာပါပဲ”လို့လည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဘူမိပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာဂဏန်းလောက်ကတည်းက နယူးဇီလန်အနီးက အန္တာတိကတိုက်ခွဲ ကျွန်းစုတွေမှာ ဂေါ်မုတ်တွေ့ရှိခဲ့ဖူးသလို နယူးကယ်လီဒိုးနီးယားမြေပေါ်မှာလည်း အသွင်ပြောင်းကျောက်တွေ တွေ့ရှိခဲ့ဖူးပါတယ်။

၁၉၅၀ လောက်ကလည်း အစောပိုင်း ဘူမိ-ရူပဗေဒပညာရှင်တွေဟာ အဲဒီက မြေအပေါ်ယံအခွံမာဟာ အနီးတစ်ဝိုက်က သမုဒ္ဒရာအောက်ခြေကြမ်းပြင်မှာတွေ့ရတဲ့ မြေတွေလို မပါးဘဲ တော်တော်ထူနေတာကို တွေ့ရှိခဲ့ကြဖူးပါတယ်။

တကယ်လို့သာ ပညာရှင်တွေရဲ့ အခုတွေ့ရှိချက်က အမှန်ဖြစ်မယ်ဆိုရင်တော့ နောက်ကို ကမ္ဘာ့မြေပုံမှာ ရှစ်ခုမြောက် ကမ္ဘာ့တိုက်ကြီးတစ်ခုကိုပါ ထည့်ဆွဲရတော့မှာ ဖြစ်ပါတယ်။ မော်တီမာကတော့ “ဇီလန်ဒီယာကို ကျောင်းတွေနဲ့ နေရာတိုင်းမှာရှိတဲ့ ကမ္ဘာမြေပုံတွေမှာ မြင်ရဖို့ မျှော်လင့်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Ref: Reuters

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)