ကင်ဂျုံနမ် ရဲ့ အစ်ကို အလောင်းကို ဒီအန်အေ စစ်ဆေးပြီးမှ ပြန်ပို့မယ်လို့ မလေးရှားပြော

0
318

မလေးရှားနိုင်ငံကွာလာလမ်ပူ လေဆိပ်မှာ ဖေဖော်ဝါရီလ (၁၃)ရက်နေ့က သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့သား ကင်ဂျုံနမ်းရဲ့ ရုပ်အလောင်းကို မြောက်ကိုရီးဘက်က ပြန်လည် တောင်းခံခဲ့ပါတယ်။

သေဆုံးခဲ့သူဟာ အဆိပ်ခတ်လုပ်ကြံခံရတာလို့ ယူဆနေကြတဲ့အတွက် ဒီအန်အေစစ်ဆေးပြီးမှ လွှဲပြောင်းပေးအပ်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရကို မလေးရှားရဲ့ဌာနက ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ရုပ်အလောင်းကို ခွဲစိတ်ပြီးပေမယ့် ဆက်လက်စုံစမ်းမှုတွေပြုလုပ်နေတာဖြစ်ပြီး ခွဲစိတ်ထား ပြီးဖြစ်တဲ့ ရလဒ်တွေကိုတော့ ထုတ်ဖော် ပြောခြင်း မရှိသေးပါဘူး။

ခွဲစိတ်စုံစမ်းမှုတွေအားလုံး ပြီးစီးသွားတာနဲ့ ကင်ဂျုံနမ်းရဲ့ ရုပ်အလောင်းကို မြောက်ကိုရီးယားဆီ လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း မလေးရှား အာဏာပိုင် တွေက ဒီကနေ့ ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)