
0
14

ဒုံးကျည်နဲ့ပစ်ချခံရတဲ့ ယူကရိန်းခရီးသည်တင် လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ မိသားစုတွေကို လျော်ကြေး ပေးဖို့ နဲ့ အများပြည်သူသိအောင် စုံစမ်းစစ်ဆေးမှုတွေကိုလုပ်ပေးဖို့ အီရန်နိုင်ငံကို နိုင်ငံငါးနိုင်ငံက တောင်းဆို လိုက်ပါတယ်။

ခရီးသည်တင်လေယာဉ်ပေါ်မှာပါသွားတဲ့ ခရီးသည်တွေရဲ့ မိခင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ယူကရိန်း၊ အာဖန်ဂန် နစ္စတန်၊ ဆွီဒင်နဲ့ ဗြိတိန်အစိုးရ တာဝန်ရှိသူတွေတွေ့ဆုံ ဆွေးနွေးပြီးနောက် အခုလိုမျိုး အီရန်နိုင်ငံအပေါ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။  

လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ချမှုအတွက် သီခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု နဲ့ တရားစီရင်မှုတွေ လုပ်ဖို့လည်း အီရန်ကို  အဆိုပါ ငါးနိုင်ငံက တောင်းဆိုထားပါတယ်။ ယူကရိန်း ခရီးသည်တင် လေယာဉ်ဟာဒီဇင်ဘာ ၈ ရက်နေ့က အီရန်နိုင်ငံ တီဟီရန်မြို့ နိုင်ငံတကာလေဆိပ်ကပျံတက်ပြီးနောက် မကြာမီမှာပဲ ဒုံးကျည်နဲ့ပစ်ချခံရ တဲ့အတွက်  ပျက်ကျသွားခဲ့ပြီး ခရီးသည် ၁၇၆ ဦးသေဆုံးခဲ့ရပါတယ်။

ခရီးသည်တင်လေယာဉ်ပျက်ကျမှုကြောင့် ယူကရိန်းနိုင်ငံသား ၁၁ ဦး၊  ကနေဒါနိုင်ငံသား ၅၇ ဦး၊ အာဖန်ဂန် နစ္စတန်နိုင်ငံသား လေးဦး၊ ဗြိတိန်နိုင်ငံသားလေးဦး၊ ဆွီဒင်နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ပြီး ကျန်သေဆုံးခဲ့သူတွေ ကတော့ အီရန်နိုင်ငံသားတွေဖြစ်ပါတယ်။

ယူကရိနြးလယောဉပြေါပြါ ခရီးသညတြှရေဲ့ မိသားစုတှကေို လွောကြှေေးပးဖို့ အီရနတြောငြးဆို