
0
2100

ဆီးရီယားနိုင်ငံမှာ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေး ဟာအဓိက ကျနေတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန် နိုင်ငံက ငြင်းဆန်လိုက်ပါတယ်။






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီယား – တူရကီနယ်စပ်မှာ နယ်ခြားစောင့်အဖွဲ ့ဖွဲ့မယ်ဆိုတာကိုအမေရိကန် ငြင်း

ဆီးရီယားနိုင်ငံမှာ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေး ဟာအဓိက ကျနေတယ်ဆိုတဲ့ သတင်းတွကို အမေရိကန် နိုင်ငံက ငြင်းဆန်လိုက်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ ဟာ ကာဒ်သူပုန်တွေ ဦးဆောင်နေတဲ့ ဆီးရီယား ပြည်သူစစ်အဖွဲ့တွေကို အမေရိကန် က ထောက်ပံပေးမှုတွေလုပ်ဆောင်မယ်အပေါ် ဆီးရီးယားအိမ်နီချင်း တူရကီ နိုင်ငံက ပြင်းထန်စွာဒေါသဖြစ်ခဲ့ပါတယ်။
တူရကီ – ဆီးရီးယားနယ်စပ်အတွက် တပ်ဖွဲ့ဝင် ၃၀ဝ၀ဝ နဲ့ နယ်ခြားစောင့်အဖွဲ့ ဖွဲ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က အခြေနေတွေကိုလွဲမှားစွာဖော်ပြနေပြီးလူအချို့က လွဲမှားစွာပြောဆိုနေတယ်လို့ ပြောခဲ့ပါတယ်။
တူရကီနိုင်ငံကတော့ န ယ်စပ်ဒေသကိုခြိမ်းခြောက်မှုတွေရှိနိုင်တဲ့အခြေနေတွေကို နုတ်ဆိပ်နေမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။
ကာဒ်သူပုန်အဖွဲ့ ဟာ ၁၉၈၄ ခုနှစ်တည်းက တူရကီအစိုးရတပ်ဖွဲ့တွေနဲ့တိုက်ခိုက်နေပြီးနယ်ခြားစောင့် အဖွဲ့ဖွဲစည်းဖို့ လုပ်တာ ဟာ ကာဒ်အလုပ်သမား ပါတီ သူပုန် အဖွဲ့တွေ ရဲ့တိုးချဲမှုအဖြစ် ရှုမြင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)