အေမရိကန္ သံ႐ံုးကို တစ္ႏွစ္ အတြင္း ေဂ်႐ုဆလင္ကို ေျပာင္းမယ္ဆုိတဲ့ သတင္းကို ေဒၚနယ္ထရမ့္ ျငင္း

0
2111

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ က အစၥေရးႏုိင္ငံရွိ အေမရိကန္သံရံုးကို တစ္ႏွစ္အတြင္း ေဂ်ရုဆလင္ၿမိဳ႕ဆီ ေျပာင္းေရႊမယ္ဆုိတဲ့သတင္းေတြကို ျငင္းဆန္လိုက္ပါတယ္။

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာက ေဂ်ရုဆလင္ၿမိဳ႕ကို အစၥေရးၿမိဳ႕ေတာ္အျဖစ္ အသိမွတ္ျပဳခဲ့ပါတယ္။ ေဂ်ရုဆလင္ၿမိကို အသိမွတ္ျပဳမႈနဲ႔ ပတ္သက္လို႔ အာရပ္ကမာၻထဲက ႏုိင္ငံေတြဟာ စိတ္ဆုိးေဒါသျဖစ္မႈေတြရွိေနခဲ့ၿပီး ဆႏၵျပမႈေတြရွိခဲ့ပါတယ္။

အဲဒီလို အသိမွတ္ျပဳခဲ့ၿပီးေနာက္ အေမရိကန္သံရံုးကို တဲအဲဗက္ၿမိဳ႕ကေန ေဂ်ရုဆလင္ၿမိဳ႕ကို ေျပာင္းေရႊဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး တီလာဆန္ က အဲဒီသံရံုးေျပာင္းေရႊမႈ ဟာ သံုးႏွစ္ အတြင္း ျဖစ္လာႏိုင္မွာမဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။
…………………. ။ ။ …………………..

အမေရိကန် သံရုံးကို တစ်နှစ် အတွင်း ဂျေရုဆလင်ကိုပြောင်းမယ်ဆိုတဲ့ သတင်းကို ဒေါ်နယ်ထရမ့် ငြင်း

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံးကို တစ်နှစ်အတွင်း ဂျေရုဆလင်မြို့ဆီ ပြောင်းရွှေမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ဂျေရုဆလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုခဲ့ပါတယ်။ ဂျေရုဆလင်မြိကို အသိမှတ်ပြုမှုနဲ့ ပတ်သက်လို့ အာရပ်ကမ္ဘာထဲက နိုင်ငံတွေဟာ စိတ်ဆိုးဒေါသဖြစ်မှုတွေရှိနေခဲ့ပြီး ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

အဲဒီလို အသိမှတ်ပြုခဲ့ပြီးနောက် အမေရိကန်သံရုံးကို တဲအဲဗက်မြို့ကနေ ဂျေရုဆလင်မြို့ကို ပြောင်းရွှေဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တီလာဆန် က အဲဒီသံရုံးပြောင်းရွှေမှု ဟာ သုံးနှစ် အတွင်း ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)