
0
2118



…………………. ။ ။………………..

ကာဇက်စတန်မှာ ကားမီးလောင်မှုကြောင့် ၅၂ ဦးသေဆုံး

ကာဇက်စတန်နိုင်ငံ အနောက်မြောက်ဘက်ပိုင်းမှာ ဇန်နဝါရီ ၁၈ ရက်နေ့က ကားမီးလောင်မှုဖြစ်ခဲ့လို့ လူပေါင်း ၅၂ ဦးသေဆုံးသွားတယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

ကားမီးလောင်မှုဖြစ်ရာမှာ လူ ၅ဦးလွတ်မြောက်ခဲ့ပြီး အခြား သူတွေကို ကယ်ဆယ်ရေးသမားတွေက ပြုစုကုသနေတယ်လို့ သတင်းတွေ က ဖော်ပြပါတယ်။ အဲဒီ ကား ဟာ ဥဇဘက် ကစ္စတန် နိုင်ငံသားတွေကို တင်ဆာင်လာတဲ့ဘက်စ် ကား ဖြစ်ပြီး ဆာမာရာ -ရှန်ကန့်ဒေသ တစ်လျှောက် ဖြတ်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကားအတွင်းပိတ်မိနေသူတွေကို ကယ်ဆယ်မှုတွေလုပ်နေပြီး ဒဏ်ရာရသူတွေကိုဆေးရုံ တင်ပို့ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)