
0
2096





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်စစ်မှူးဝဲ့ကော့ အဲဗာတန် အသင်းဆီ ပေါင် ၂၀ သန်းနဲ့အပြီးသတ်ပြောင်းရွေ့

အာဆင်နယ်တိုက်စစ်မှူး ဝဲကော့ ဟာ အဲဗာတန်အသင်း ဆီကိုပြောင်းရွေ့ကြေးပေါင် ၂၀ သန်းနဲ့ အပြီးသတ်ပြောင်းရွေ့သွားပြီဖြစ်ပါတယ်။

ဝဲကော့ ဟာ အဲဗာတန်အသင်း နဲ့ သုံးနှစ်ခွဲစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အ သက် ၂၈ နှစ် အရွယ်ရှိ ဝဲကော့ ဟာ ဇန်နဝါရီ အပြောင်းအရွှေကာလအတွင်း နည်းပြ ဆမ် အလာဒိုက် ခေါ်ယူတဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာပါတယ်။

ဝဲကော့ ဟာ အာဆင်နယ်သင်းမှာ ၁၂ နှစ်ကြာ ကစားချိန် အတွင်း ပွဲပေါင်း ၃၉၇ ပွဲ ကစားခဲ့ပြီး ၁၀၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဝဲကော့ ဟာလက်ရှိရာသီမှာ အာဆင်နယ်အသင်း အတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ဘဲ အဲဗာတန်နည်းပြ ဆမ်အလာဒိုက် လက်အောက်မှာ ကစားသမားဘဝ ပြန်လည်ကောင်းမွန်လာမယ့်လို့ ယုံကြည်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)