ႏ်ဴကလီးယားလက္နက္ ကိစၥအတြက္ အေမရိကန္ သမၼတနဲ႔ ႐ုရွားသမၼတ ေဆြးေႏြးလို

0
680

ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရးစာခ်ဳပ္နဲ႔ ပတ္သက္လုိ႔ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ပ္နဲ႔ ေဆြးေႏြးဖို႔ လိုလားေၾကာင္း ေျပာပါတယ္။ G 20 ထိပ္သီးအစည္းအေဝး နားခ်ိန္မွာ ေခါင္းေဆာင္ ၂ ဦး ေတြ႔ဆုံဖြယ္ရွိပါတယ္။

မစၥတာပူတင္က သမၼတ ထရမ့္နဲ႔ ေဆြးေႏြးပြဲေတြရဲ႕ အေၾကာင္းအရာထဲက ေသာ့ခ်က္ကိစၥတစ္ခုက တည္ၿငိမ္ေရးဆိုင္ရာ ဗ်ဴဟာေျမာက္ ေဆြးေႏြးမႈ ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။

႐ုရွားနဲ႔ အေမရိကန္တို႔ဟာ New START လို႔ေခၚတဲ့ ၂၀၁၁ ခုႏွစ္ န်ဴကလီးယားဖ်က္သိမ္းေရး သေဘာတူစာခ်ဳပ္ နဲ႔ ၁၉၈၈ ခုႏွစ္မွာ အသက္ဝင္ခဲ့တဲ့ တာလတ္ပစ္ န်ဴကလီးယားလက္နက္အင္အားဆိုင္ရာ သေဘာတူစာခ်ဳပ္ (INF) ေတြရဲ႕ အနာဂတ္ကို နားလည္ထားသင့္တယ္လို႔ သမၼတ ပူတင္က ဆိုပါတယ္။

New START သေဘာတူစာခ်ဳပ္ဟာ ၂၀၂၁ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ထရမ့္နဲ႔ ႐ုရွားနဲ႔ ခ်ဳပ္ဆိုထားတဲ့ INF သေဘာတူစာခ်ဳပ္ကိုလည္း ဖ်က္သိမ္းမယ္လို႔ ေၾကညာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နျူကလီးယားလက်နက် ကိစ္စအတွက် အမေရိကန် သမ္မတနဲ့ ရုရှားသမ္မတ ဆွေးနွေးလို

နျူကလီးယားလက်နက် ဖျက်သိမ်းရေးစာချုပ်နဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆွေးနွေးဖို့ လိုလားကြောင်း ပြောပါတယ်။ G 20 ထိပ်သီးအစည်းအဝေး နားချိန်မှာ ခေါင်းဆောင် ၂ ဦး တွေ့ဆုံဖွယ်ရှိပါတယ်။

မစ္စတာပူတင်က သမ္မတ ထရမ့်နဲ့ ဆွေးနွေးပွဲတွေရဲ့ အကြောင်းအရာထဲက သော့ချက်ကိစ္စတစ်ခုက တည်ငြိမ်ရေးဆိုင်ရာ ဗျူဟာမြောက် ဆွေးနွေးမှု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ New START လို့ခေါ်တဲ့ ၂၀၁၁ ခုနှစ် နျူကလီးယားဖျက်သိမ်းရေး သဘောတူစာချုပ် နဲ့ ၁၉၈၈ ခုနှစ်မှာ အသက်ဝင်ခဲ့တဲ့ တာလတ်ပစ် နျူကလီးယားလက်နက်အင်အားဆိုင်ရာ သဘောတူစာချုပ် (INF) တွေရဲ့ အနာဂတ်ကို နားလည်ထားသင့်တယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။

New START သဘောတူစာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ထရမ့်နဲ့ ရုရှားနဲ့ ချုပ်ဆိုထားတဲ့ INF သဘောတူစာချုပ်ကိုလည်း ဖျက်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)