
0
551




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အငြင်းပွားတွေအတွက် ရုရှား ပြောဆိုချက်ကို ဂျပန် လက်မခံ

ကျွန်း ၄ ကျွန်းထဲက ကျွန်း ၂ ကျွန်းကို ဂျပန်ကို ပြန်ပေးနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ပြောကြားချက်ကို ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယော်ရှိဟီဒဲ စူဂါ (Yoshihide Suga) က ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နဲ့ ရုရှားတို့ဟာ ကျွန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။

၁၉၅၆ ခုနှစ် ပူးတွဲကြေညာချက်အရ နှစ်နိုင်ငံငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုပြီးတဲ့အခါမှာ အငြင်းပွားနေတဲ့ ကျွန်း ၄ ကျွန်းထဲက ၂ ကျွန်းကို ဂျပန်နိုင်ငံကို လွှဲပြောင်းပေးဖို့ဆိုတဲ့အပေါ် အဲဒီကျွန်းတွေရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး ထပ်ပြီးဆွေးနွေးသွားဖို့ မစ္စတာ ပူတင်က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ဒီကျွန်းတွေရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး ဘာမှ ဖော်ပြထားတာမျိုးမရှိဘူးလို့ စူဂါက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)