အလုပ္သမားေတြကို ကူညီခြင့္ ျပဳဖုိ႔ ႐ုရွားကို  ေျမာက္ကိုရီးယား ေတာင္းဆုိ

0
333

ေျမာက္ကိုရီးယား ႏုိင္ငံဟာ သူ႔ႏုိင္ငံသားေတြကို ႐ုရွားႏုိင္ငံမွာ အလုပ္သမားအျဖစ္ လုပ္ကိုင္ေနထိုင္ခြင့္ျပဳေပးဖုိ႔ ေတာင္းဆုိလုိက္ပါတယ္။

ေျမာက္ကိုရီးယား ႏုိင္ငံအေပၚ ပိတ္ဆုိ႔မႈေတြ ရွိေနေပမယ့္  ႐ုရွားႏုိင္ငံမွာ အလုပ္လုပ္ေနတဲ့ ေရ႕ႊေျပာင္းလုပ္သား ၃၅၀၀ ကို အကူညီေပးဖုိ႔ ႐ုရွားလႊတ္ေတာ္ဆီ ေျမာက္ကိုရီးယားက ေတာင္းဆုိခဲ့တာျဖစ္ပါတယ္။

 ေျမာက္ကိုရီးယား ႏုိင္ငံရဲ႕ ဒံုးက်ည္စမ္းသပ္မႈေတြေၾကာင့္ ပိတ္ဆုိ႔မႈအသစ္အျဖစ္ ေျမာက္ကိုရီးယား ႏုိင္ငံသားေတြကို အလုပ္ပါမစ္ အသစ္နဲ႔ ႏိုင္ငံအတြင္း ရွိေနတဲ့ အလုပ္သမားေတြကို ဆက္ေနထိုင္ဖို႔ ခြင္ျပဳေရးကို ပိတ္ပင္ေတြ လုပ္ခဲ့ပါတယ္။

႐ုရွားႏုိင္ငံအတြင္းမွာ ေျမာက္ကိုရီးယား အလုပ္သမားေပါင္း ၃ ေသာင္း နဲ႔ ၄ ေသာင္းၾကား ရွိေနပါတယ္။ ႐ုရွား ႏုိင္ငံရဲ႕ ပိတ္ဆို႔မႈအသစ္ေၾကာင့္ စက္တင္ဘာလအတြင္းမွာ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ ေျမာက္ကိုရီးယား အလုပ္သမား ၃၅၀၀ ကို ထိခိုက္ဖြယ္ရွိေနတာေၾကာင့္ ေတာင္းဆုိမႈေတြ လုပ္ခဲတ့ာျဖစ္ပါတယ္။

ပိတ္ဆုိ႔မႈအသစ္ဟာ မၾကာေသးမီကမွ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိခဲ့တဲ့ ေျမာက္ကိုရီးယားႏုိင္ငံသား အလုပ္သမား ၃၅၀၀ ကို သက္ေရာက္မႈ ရွိမွာ မဟုတ္ဘူးလို႔  ႐ုရွား အလုပ္သမားဝန္ႀကီး မက္ဆမ္ တုိပီလင္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားတွေကို ကူညီခွင့် ပြုဖို့ ရုရှားကို မြောက်ကိုရီးယား တောင်းဆို

မြောက်ကိုရီးယား နိုင်ငံဟာ သူ့နိုင်ငံသားတွေကို ရုရှားနိုင်ငံမှာ အလုပ်သမားအဖြစ် လုပ်ကိုင်နေထိုင်ခွင့်ပြုပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရှိနေပေမယ့် ရုရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၃၅၀ဝ ကို အကူညီပေးဖို့ ရုရှားလွှတ်တော်ဆီ မြောက်ကိုရီးယားက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ပိတ်ဆို့မှုအသစ်အဖြစ် မြောက်ကိုရီးယား နိုင်ငံသားတွေကို အလုပ်ပါမစ် အသစ်နဲ့ နိုင်ငံအတွင်း ရှိနေတဲ့ အလုပ်သမားတွေကို ဆက်နေထိုင်ဖို့ ခွင်ပြုရေးကို ပိတ်ပင်တွေ လုပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံအတွင်းမှာ မြောက်ကိုရီးယား အလုပ်သမားပေါင်း ၃ သောင်း နဲ့ ၄ သောင်းကြား ရှိနေပါတယ်။ ရုရှား နိုင်ငံရဲ့ ပိတ်ဆို့မှုအသစ်ကြောင့် စက်တင်ဘာလအတွင်းမှာ စာချုပ်ချုပ်ဆိုခဲ့ မြောက်ကိုရီးယား အလုပ်သမား ၃၅၀ဝ ကို ထိခိုက်ဖွယ်ရှိနေတာကြောင့် တောင်းဆိုမှုတွေ လုပ်ခဲတာ့ဖြစ်ပါတယ်။

ပိတ်ဆို့မှုအသစ်ဟာ မကြာသေးမီကမှ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား အလုပ်သမား ၃၅၀ဝ ကို သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ရုရှား အလုပ်သမားဝန်ကြီး မက်ဆမ် တိုပီလင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)