၂၀၁၈ ခုႏွစ္အတြက္ အေမရိကန္ ကာကြယ္ေရးအသံုးစရိတ္ ေဒၚလာ ၇၀၀ ဘီလီယံအထိ တုိးျမွင့္

0
482

အေမရိကန္ ကြန္ဂရက္က  ၂၀၁၈ ခုႏွစ္ အတြက္ ကာကြယ္ေရးအသံုးစရိတ္ကို အေမရိကန္ေဒၚလာ ၇၀၀ ဘီလီယံ သံုးစြဲဖို႔ ခြင့္ျပဳလုိက္ပါတယ္။

အခု ခြင့္ျပဳလုိက္တဲ့ ပမာဏဟာ အရင္ႏွစ္ေတြထက္ တုိးလာတာျဖစ္ၿပီး အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ အဆုိျပဳတဲ့ ပမာဏထက္လည္း ျမင့္တက္လာခဲ့တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

အေမရိကန္ သမၼတေဟာင္း ေနာက္ဆံုးတာဝန္ယူခဲ့တဲ့ ၂၀၁၆ ခုႏွစ္က အေမရိကန္ရဲ႕ ကာကြယ္ေရး အသံုးစရိတ္ထက္ ၁၅ ရာခုိင္ႏႈန္း ျမင့္တက္ခဲ့ၿပီး လက္ရွိအေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ အဆိုတင္ခဲ့တဲ့ ပမာဏာထက္ ၂၆ ဘီလီယံ မ်ားခဲ့ပါတယ္။

လႊတ္ေတာ္အတြင္း မဲခြဲဆံုးျဖတ္ရာမွာ ၃၅၆ မဲနဲ႔  အေမရိကန္ေဒၚလာ ၇၀၀ ဘီလီယံ သံုးစြဲဖုိ႔ ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ၇၀၀ ဘီလီယံမွာ ျပည္တြင္း စစ္ေရးဆုိင္ရာအတြက္ ၆၂၆ ဘီလီယံ၊ ျပည္ပ ႏုိင္ငံေတြမွာ ေဆာင္ရြက္တဲ့ စစ္ေရးလုပ္ငန္းေတြ အတြက္ အေမရိကန္ေဒၚလာ  ၆၆ ဘီလီယံ၊ ဒံုးက်ည္ ကာကြယ္ေရးအတြက္  ၁၂ ဒသမ ၃ ဘီလီယံနဲ႔ တျခား ကာကြယ္ေရး အသံုးစရိတ္အျဖစ္  ၈ ဘီလီယံ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ခုနှစ်အတွက် အမေရိကန် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၇၀ဝ ဘီလီယံအထိ တိုးမြှင့်

အမေရိကန် ကွန်ဂရက်က ၂၀၁၈ ခုနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၇၀ဝ ဘီလီယံ သုံးစွဲဖို့ ခွင့်ပြုလိုက်ပါတယ်။

အခု ခွင့်ပြုလိုက်တဲ့ ပမာဏဟာ အရင်နှစ်တွေထက် တိုးလာတာဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အဆိုပြုတဲ့ ပမာဏထက်လည်း မြင့်တက်လာခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ အမေရိကန် သမ္မတဟောင်း နောက်ဆုံးတာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က အမေရိကန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လက်ရှိအမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အဆိုတင်ခဲ့တဲ့ ပမာဏာထက် ၂၆ ဘီလီယံ များခဲ့ပါတယ်။

လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှာ ၃၅၆ မဲနဲ့ အမေရိကန်ဒေါ်လာ ၇၀ဝ ဘီလီယံ သုံးစွဲဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၇၀ဝ ဘီလီယံမှာ ပြည်တွင်း စစ်ရေးဆိုင်ရာအတွက် ၆၂၆ ဘီလီယံ၊ ပြည်ပ နိုင်ငံတွေမှာ ဆောင်ရွက်တဲ့ စစ်ရေးလုပ်ငန်းတွေ အတွက် အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ၊ ဒုံးကျည် ကာကွယ်ရေးအတွက် ၁၂ ဒသမ ၃ ဘီလီယံနဲ့ တခြား ကာကွယ်ရေး အသုံးစရိတ်အဖြစ် ၈ ဘီလီယံ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)