0
420
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အီရတ်နဲ့ အစ္စရေး အလှမယ် နှစ်ဦးရဲ့ ဆယ်လ်ဖီဓာတ်ပုံ စိတ်ဝင်စားခံနေရ
အမေရိကန်၊ လပ်စ် ဗီးဂတ်မြို့မှာ ၆၆ ကြိမ်မြောက် Miss Universe 2017 ပွဲကို ကျင်းပနေပြီး အဲ့ဒီပွဲမှာ အီရတ် အလှမယ်နဲ့ အစ္စရေး အလှမယ်တို့ နှစ်ဦး အတူတကွ ဆယ်လ်ဖီ ရိုက်ကူးတဲ့ ဓာတ်ပုံကို လူတွေက အမျိုးမျိုး ယေဖန်နေကြပါတယ်။
အီရတ် အလှမယ် ဆာရာ အီဒန်နဲ့ အစ္စရေး အလှမယ် အဒါ ဂန်ဒယ်လ်စ်မန်းတို့ရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ အင်စတာဂရမ်မှာ လူစိတ်မှုစားမှုမြင့်မားနေပြီး ဝေဖန်မှုမျိုးစုံကိုလည်း ထွက်ပေါ်စေပါတယ်။ အစ္စရေးနဲ့ အီရတ်နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေး မရှိပါဘူး။
အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး အီရတ် အလှမယ်က အစ္စရေးကို ထောက်ခံတာမဟုတ်ဘဲ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရရှိစေဖို့ ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့ မျှော်လင့်ကာ အစ္စရေး အလှမယ်နဲ့ ဓာတ်ပုံရိုက်ကူးဖို့ တောင်းဆိုခဲ့တာလို့ ပြောဆိုထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူကတော့ ဒါဟာ ဒေသတွင်းငြိမ်းချမ်းစေဖို့ မျှော်လင့်ရတဲ့ ကောင်းတဲ့ အသိပညာပေးမှု တစ်ခုလို့ ပြောဆိုထားပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)