အၾကမ္းဖက္ေတြကို ကူညီတဲ့ႏုိင္ငံစာရင္းထဲ ေျမာက္ကိုရီးယားကို ထည့္၊ မထည့္ ဆံုးျဖတ္မယ္

0
429

အေမရိကန္ႏုိင္ငံက ေျမာက္ကိုရီးယားႏုိင္ငံကို အၾကမ္းဖက္ေတြအား အေထာက္အပံ့ေပးတဲ့ ႏုိင္ငံစာရင္း ထဲ ထည့္သြင္းမယ္၊ မသြင္းဘူးဆိုတာကို လာမယ့္သီတင္းပတ္ထဲမွာ ဆံုးျဖတ္သြားမယ္လို႔  အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္လိုက္ပါတယ္။  

အိမ္ျဖဴေတာ္ ေျပာေရးဆုိခြင့္ရွိသူ  ဆာရာ ဆန္းဒါစ္က  သမၼတ ေဒၚနယ္ထရမ့္ဟာ   လာမယ့္ သီတင္းပတ္မွာ ေျမာက္ကိုရီးယားႏုိင္ငံကို အၾကမ္းဖက္ႏုိင္ငံ စာရင္းထဲ ထည့္၊ မထည့္ဆုိတာကို ေၾကညာသြားမယ္လို႔ ေျပာခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံဟာ ပိတ္ဆုိ႔မႈေတြရွိေနတဲ့ ၾကားကေန အခုႏွစ္ထဲမွာ ဒံုးက်ည္စမ္းသပ္မႈေတြ လုပ္ခဲ့တာေၾကာင့္ ကုလသမဂၢက ပိတ္ဆို႔မႈေတြ ထပ္မံခ်မွတ္ခဲ့ပါတယ္။

ဒံုးက်ည္စမ္းသပ္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္ သမၼတ ထရမ့္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ ၾကားတင္းမာမႈေတြ၊ စကားစစ္ထုိးမႈေတြ ျဖစ္ေပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက်တွေကို ကူညီတဲ့နိုင်ငံစာရင်းထဲ မြောက်ကိုရီးယားကို ထည့်၊ မထည့် ဆုံးဖြတ်မယ်

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဖက်တွေအား အထောက်အပံ့ပေးတဲ့ နိုင်ငံစာရင်း ထဲ ထည့်သွင်းမယ်၊ မသွင်းဘူးဆိုတာကို လာမယ့်သီတင်းပတ်ထဲမှာ ဆုံးဖြတ်သွားမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဆန်းဒါစ်က သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့် သီတင်းပတ်မှာ မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဖက်နိုင်ငံ စာရင်းထဲ ထည့်၊ မထည့်ဆိုတာကို ကြေညာသွားမယ်လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပိတ်ဆို့မှုတွေရှိနေတဲ့ ကြားကနေ အခုနှစ်ထဲမှာ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့တာကြောင့် ကုလသမဂ္ဂက ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။

ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကြားတင်းမာမှုတွေ၊ စကားစစ်ထိုးမှုတွေ ဖြစ်ပေါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)