ကေမာၻဒီးယား အစိုးရကို အေမရိကန္ အေရးယူဖြယ္ရွိ

0
384

ကေမာၻဒီးယား တရား႐ံုးခ်ဳပ္က အတိုက္ခံပါတီျဖစ္တဲ့ ကေမာၻဒီးယား အမ်ိဳးသားကယ္ဆယ္ေရး ပါတီ (CNRP) ကို ဖ်က္သိမ္းဖုိ႔ ဆံုးျဖတ္   ခဲ့ၿပီးေနာက္ အေမရိကန္ႏုိင္ငံက ကေမၻာဒီးယားႏုိင္ငံ အေပၚ အေရးယူမႈေတြ လုပ္ေဆာင္လာႏုိင္ဖြယ္ ရွိပါတယ္။  

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က  အတိုက္အခံပါတီကို ဖ်က္သိမ္းဖုိ႔  တရား႐ံုးခ်ဳပ္ကို ေတာင္းဆုိၿပီးေနာက္ ႏုိင္ငံရဲ႕အဓိက အတုိက္ခံပါတီကို ဖ်က္သိမ္းဖို႔ လုပ္ေဆာင္လာခဲ့ပါတယ္။

ကေမာၻဒီးယားအစိုးရဟာ အတိုက္ခံပါတီ ေခါင္းေဆာင္ျဖစ္သူ ကင္မ္ေဆာခကို ႏုိင္ငံေတာ္ သစၥာေဖာက္မႈနဲ႔ ဖမ္းဆီးမႈေတြ လုပ္ခဲ့သလို အတုိက္ခံပါတီဟာ အေမရိကန္ အကူညီနဲ႔ အစိုးရကို ျဖဳတ္ခ်ဖို႔ စီစဥ္ေနတယ္လို႔  စြပ္စြဲထားပါတယ္။  

အေမရိကန္ႏုိင္ငံက  အတိုက္ခံပါတီကို ဖ်က္သိမ္းလိုက္မႈတြေၾကာင့္  လာမယ့္ ႏွစ္မွာ က်င္းပမယ့္ ေရြးေကာက္ပြဲဟာ လြတ္လပ္မွ်တမႈေတြ ရွိလာမွာ မဟုတ္ဘဲ  ကမာၻဒီးယားႏုိင္ငံနဲ႔ သက္ဆုိင္တဲ့ အရာေတြကို အာ႐ံုစုိက္ ေစာင့္ၾကည့္သြားမယ္လို႔ ေျပာထားပါတယ္။

အေမရိကန္ အျပင္ ဥေရာပ သမဂၢကလည္း ကေမာၻဒီးယားနဲ႔ ကုန္သြယ္မႈပိုင္းကို အေရးယူမႈေတြ လုပ္ေဆာင္ႏိုင္ဖြယ္ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘောဒီးယား အစိုးရကို အမေရိကန် အရေးယူဖွယ်ရှိ

ကမ္ဘောဒီးယား တရားရုံးချုပ်က အတိုက်ခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ အပေါ် အရေးယူမှုတွေ လုပ်ဆောင်လာနိုင်ဖွယ် ရှိပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံပါတီကို ဖျက်သိမ်းဖို့ တရားရုံးချုပ်ကို တောင်းဆိုပြီးနောက် နိုင်ငံရဲ့အဓိက အတိုက်ခံပါတီကို ဖျက်သိမ်းဖို့ လုပ်ဆောင်လာခဲ့ပါတယ်။ ကမ္ဘောဒီးယားအစိုးရဟာ အတိုက်ခံပါတီ ခေါင်းဆောင်ဖြစ်သူ ကင်မ်ဆောခကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီးမှုတွေ လုပ်ခဲ့သလို အတိုက်ခံပါတီဟာ အမေရိကန် အကူညီနဲ့ အစိုးရကို ဖြုတ်ချဖို့ စီစဉ်နေတယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန်နိုင်ငံက အတိုက်ခံပါတီကို ဖျက်သိမ်းလိုက်မှုတွကြောင့် လာမယ့် နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုတွေ ရှိလာမှာ မဟုတ်ဘဲ ကမ္ဘာဒီးယားနိုင်ငံနဲ့ သက်ဆိုင်တဲ့ အရာတွေကို အာရုံစိုက် စောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်။ အမေရိကန် အပြင် ဥရောပ သမဂ္ဂကလည်း ကမ္ဘောဒီးယားနဲ့ ကုန်သွယ်မှုပိုင်းကို အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖွယ် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)