
0
476





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခြိမ်းခြောက်ခံရလို့ မွတ်စလင်အကြောင်း ဟောပြောပွဲ ဖျက်သိမ်းခဲ့ရ

ဗြိတိန်နိုင်ငံ၊ ဘရစ္စတိုးမြို့က စာသင်ကျောင်းတစ်ကျောင်းမှာ မွတ်စလင် အကြောင်း ပြောဆိုဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် ဖျက်သိမ်းလိုက်ရပါတယ်။

အဲဒီပွဲကို စီစဉ်တဲ့ ဆရာအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာခဲ့ပြီးနောက် မွတ်စလင်အကြောင်း ဟောပြောပွဲကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ ကျောင်းက ဆရာတစ်ဦးဟာ မွတ်စလင်အကြောင်း ဟောပြောဖို့ ဒေသခံ အမျိုးသမီးတစ်ဦးကို ဖိတ်ခေါ်ခဲ့ပြီး အဲဒီအမျိုးသမီးက အစ္စလာမ်ဘာသာအပေါ် သူ့ရဲ့ ယုံကြည်မှုအကြောင်း ပြောဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲစီစဉ်တဲ့ ဆရာအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တာကြောင့် လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ အခြေနေမျိုး ရှိခဲ့တယ်လို့ ဘရစ္စတိုးမြို့တော်ဝန် အီလန် ဇူပိုဆက်က ပြောပါတယ်။ လက်ရှိအချိန်မှာ ရဲတွေဟာ ဆရာအပေါ် ခြိမ်းခြောက်သူကို စုံစမ်းရှာဖွေနေပေမယ့် တရားခံကို မသိရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)